
ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ဧပြီ ၁၁ ရက်နေ့ကနေ့ ဩဂုတ် ၁ ရက်နေ့အထိ ၅ လတာအတွင်း တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ကနီပြည်သူ့ကာကွယ်ရေးရဲဘော် ၃၁ ဦး ကျဆုံးခဲ့တယ်လို သိရပါတယ်။
စစ်အာဏာရှင်တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ကနီပြည်သူ့ရဲဘော် ၃၁ ဦးကို ဦးညွှတ်အလေးပြုကြောင်းနဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကနီ PDF က ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားတဲ့ ကနီပြည်သူ့ရဲဘော် ၃၁ ဦးကိုလည်း အာဇာနည်သူရဲကောင်းတွေအဖြစ် သတ်မှတ်ကြောင်း၊ အပြီးမသတ်နိုင်သေးတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို ကနီ PDF အနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ခေတ်အဆက်ဆက်က ကြွေလွင့်ခဲ့ရတဲ့ ဒီမိုကရေစီသူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြုကြောင်းလည်း ကနီ PDF က ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ ဒေသခံ PDF တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေလည်း အသေအပျောက်များတယ်လို့ ဆိုပါတယ်။