DVB Logo
Home
Lead Story
ဧရာဝတီဘဏ် အင်တာနက် ဘဏ်စနစ်ကို စတင်စမ်းသပ်နေပြီ
DVB
·
December 9, 2013
ဧရာဝတီဘဏ် အင်တာနက် ဘဏ်စနစ်ကို စတင်စမ်းသပ်နေပြီ
Donate to DVB

မက်စ် ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်ဟာ အင်တာနက်ဘဏ်စနစ်ကို စတင် စမ်းသပ်နေပြီလို့ ဘဏ်တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ဒီနေ့ထုတ် အင်တာနက် နည်းပညာဂျာနယ်မှာ ဖော်ပြပါတယ်။

[caption id="attachment_48014" align="alignleft" width="300"]Photo by ayabank.com Photo by ayabank.com[/caption]

လက်ရှိ ဧရာဝတီဘဏ်မှာ အကောင့်န် ဖွင့်ထားသူ အချင်းချင်း အွန်လိုင်းသုံးပြီး ငွေလွှဲနိုင်တဲ့စနစ် စမ်းသပ်နေပြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှာ အများပြည်သူ အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဧရာဝတီရဲ့ အင်တာနက်ဘဏ်စနစ် အသုံးပြုခွင့်ရခဲ့ရင် ဘဏ်အကောင့် ဖွင့်ထားသူတွေဟာ အင်တာနက်မှာ သူတို့ အကောင့်ထဲက ငွေလက်ကျန်ကို စစ်ဆေးနိုင်တာ၊ ငွေကြေး လွှဲပြောင်းနိုင်တာနဲ့ လက်ခံနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိ မိုဘိုင်းကနေ အသုံးပြုနိုင်တဲ့ မိုဘိုင်းဘဏ်ကင်းစနစ်၊ အင်တာနက် ဘဏ်စနစ်တွေ အသုံးပြုခွင့်ရဖို့ ပထမပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ ဧရာဝတီဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် နဲ့ မြန်မာနိုင်ငံသားများဘဏ်တွေက လျှောက်ထား ကြကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013