DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အထောက်အပံ့ပြုသူ ၁၇ ဦးအား သုတ်သင်ခဲ့ကြောင်း King Cobra ကြေညာ
DVB
·
August 8, 2021
စစ်ကောင်စီကို အထောက်အပံ့ပြုသူ ၁၇ ဦးအား သုတ်သင်ခဲ့ကြောင်း King Cobra ကြေညာ
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှာ ဒလန်၊ ပျူစောထီး နဲ့ စစ်ကောင်စီကို ကူညီပံ့ပိုး ပေးနေသူ ၁၇ ဦးအား သုတ်သင်ရှင်းလင်းခဲ့တယ်လို့ King Cobra-Khin U (တောကြီး မြွေဟောက်အဖွဲ့-ခင်ဦး) က ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အရင်က အဖွဲ့အစည်းတခုအနေနဲ့ ထုတ်ပြန်ကြေညာတာ မရှိပေမဲ့ သူတို့အဖွဲ့ ပြုလုပ်ခဲ့တာတွေကို အခုအခါမှာ အခြားအဖွဲ့အစည်းက လုပ်သယောင်‌နဲ့ ပုဂ္ဂိုလ်ရေးကိစ္စကြောင့်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတဲ့အတွက် ထုတ်ပြန်ကြေညာရတာလို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူ အားလုံးနဲ့ တသားတည်းရှိပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်နဲ့ (လုံးဝ)မပတ်သက်ကြဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်သူအားလုံးရဲ့ အသက်အိုးအိမ်ကို အာမခံမှာမဟုတ်သလို အကြမ်းဖက်စစ်တပ် ကျဆုံးသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာလို့ တောကြီးမြွေဟောက် အဖွဲ့- ခင်ဦး အဖွဲ့က ဆိုပါတယ်။

ဒီအဖွဲ့အစည်းကိုအဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပြီး မေ ၁၀ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ်အား ရိက္ခာ ငွေကြေးထောက်ပံ့ပေးနေသူတွေ၊ သတင်းပေး ဒလန်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေစတဲ့ စစ်ကောင်စီယန္တရားလည်ပတ်နိုင်အောင် ကူညီနေသူ ဝန်ကြီးရွာ၊ အိုင်ပေါက်ကြီး၊ အောင်သီရိရပ်၊​အုန်းပင်ကုန်း၊ သရက်ကန်၊ ကဘွက်၊ အောင်ချမ်းသာ၊ ရုံးပင်၊ ကုန်းကြီး၊ ယောက်သွားအိုင်၊ မုံလှ စတဲ့ ကျေးးရွာ ရပ်ကွက်တွေက ၁ ဦးစီနဲ့ ​နှောကုန်း ၂ ဦး၊ ရွာသန်း ၃ ဦး စုစုပေါင်း ၁၇ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း King Cobra-Khin U တောကြီးမြွေဟောက်အဖွဲ့- ခင်ဦးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013