DVB Logo
Home
မြန်မာသတင်း
ကွန်တိန်နာကုန်သေတ္တာ ရှားပါး၊ သယ်ယူခစရိတ်မြင့်တက်နေသဖြင့် ပို့ကုန်လုပ်ငန်းများထိခိုက်နေ
DVB
·
August 8, 2021
ကွန်တိန်နာကုန်သေတ္တာ ရှားပါး၊ သယ်ယူခစရိတ်မြင့်တက်နေသဖြင့် ပို့ကုန်လုပ်ငန်းများထိခိုက်နေ
1 / 3
Donate to DVB

သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်ဆောာင်ရာမှာ ကွန်တိန်နာကုန်သေတ္တာ လိုအပ်ချက်မြင့်မားနေတာကြောင့် သယ်ယူခစရိတ်ပိုကုန်ပြီး ပို့ကုန်တင်ပို့တဲ့လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ 

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရန်ကုန်ဆိပ်ကမ်းကို  နိုင်ငံတကာသင်္ဘောလိုင်းတွေရဲ့ ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်တာ လျော့ကျခဲ့တာပါ။ သင်္ဘောတွေ အဝင်နည်းလာတာနဲ့အတူ ပြည်တွင်းဈေးကွက်မှာ ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာပြီး ပြည်ပကို ကုန်တွေ အချိန်မီတင်ပို့ဖို့ ခက်ခဲလာပါတယ်။

ကုန်တင်ပို့ဖို့ ကုန်သေတ္တာတွေကို ငှားရမ်းခပိုပေးနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေနဲ့  ကိုဗစ်ရောဂါကြောင့်  မြန်မာနိုင်ငံကို ကုန်တင်ပို့ရင် ဆုံးရှုံးနိုင်ခြေများမယ်လို့ နိုင်ငံတကာလုပ်ငန်းတွေက မြင်လာကြတာကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်တာ နည်းပါးသွားတာဖြစ်တယ်” လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ကုန်သေတ္တာလိုအပ်ချက် မြင့်တက်နေတဲ့အတွက် ငှားရမ်းခဈေးနှုန်းတွေက အရင်းတုန်းကဈေးထက် ၅ ဆလောက်မြင့်တက်နေပါတယ်။ စနစ်တကျတင်ပို့ဖို့ အခက်အခဲရှိနေတဲ့အတွက် အမှာရှိသလောက်မတင်ပို့နိုင်ဘဲ လုပ်ငန်းနှောင့်နှေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို  ပင်လယ်ရေကြောင်းကတစ်ဆင့် ကုန်သွယ်နေတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ၂၀ ရာခိုင်နှုန်း ပြုလုပ်ပါတယ်။

နိုင်ငံရေးအခြေအနေနဲ့  ကိုဗစ်ရောဂါကြောင့် အခုဘဏ္ဍာနှစ်မှာ လမ်းကြောင်း နှစ်ခုစလုံးကနေ ကုန်သွယ်နိုင်တဲ့ပမာဏ လျော့ကျနေပါတယ်။ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့စာရင်းတွေအရ အခုဘဏ္ဍာနှစ် ၉ လအတွင်း မြန်မာ့ပို့ကုန်တင်ပို့နိုင်မှုက အရင်ဘဏ္ဍာနှစ် ကာလတူထက် ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013