DVB Logo
Home
မြန်မာသတင်း
ဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ မထွက်သေးသဖြင့် လုပ်ငန်းရှင်များ ထိခိုက်
DVB
·
December 9, 2013
ဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ မထွက်သေးသဖြင့် လုပ်ငန်းရှင်များ ထိခိုက်
Donate to DVB

ဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ မထွက်သေးတဲ့အတွက် လုပ်ငန်းရှင်တွေအကြား ထိခိုက် နစ်နာမှုတွေ ရှိနေတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

ဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေ (IP Law) မထွက်ပေါ်သေးတာကြောင့် လုပ်ငန်းရှင်တွေကို အကာအကွယ် မပေးနိုင်သေးသလို ကုန်အမှတ်တံဆိပ်၊ အမှတ်အသားနဲ့ မူပိုင်ခွင့်ဆိုင်ရာ တွေကိုလည်း လုပ်ငန်းရှင်တွေက နားလည်ရင်းနှီးမှု မရှိသေးတဲ့အတွက် ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းချုပ်မှာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဥပဒေပညာရှင်တွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

IP Lawဦးထွန်းထွန်းက “IP Law စစ်စစ် မထွက်သေးတဲ့အတွက် ကျနော်တို့ လုပ်ငန်းရှင် တွေကို အကာအကွယ်ပေးတဲ့ ဥပဒေဆိုတာ မရှိသေးဘူး။ အချိန်မှာ ကုမ္ပဏီ အားလုံးက လုပ်နေတဲ့ လုပ်ငန်းရှင်အားလုံးက နည်းနည်းလေးပဲ နားလည်တဲ့အတွက် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဥပမာအားဖြင့် ဇောတိက သင်္ကန်းတိုက် ဆိုပါစို့။ ဇော်ပိလ သင်္ကန်တိုက်ဆိုပြီး တကယ်လို့များ နောက်ကုမ္ပဏီက ဖွင့်ခဲ့ရင် ဆုံးရှုံး နစ်နာမှုကို ဘယ်သူမှ ကာကွယ် မပေးနိုင်ဘူး။ တကယ်လို့သာ IP Law ထွက်လာတဲ့အခါ ဇောတိကကို ဇောပိလလို့ လုပ်တဲ့သူကို တရားစွဲရင် လျော်ကြေးလည်း ရမယ်” လို့ ပြောပါတယ်။

ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာရဲ့ မူပိုင်ခွင့်တွေကိုလည်း နားလည်မှု မရှိသေးတာကြောင့် IP law ထွက်ပေါ်လာရင်လည်း ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှု အငြင်းပွား ဖွယ်ရာတွေနဲ့ ရှုပ်ထွေးမှုတွေ  ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက ရှိနေပါတယ်။

တရားရုံးချုပ် ရှေ့နေ ဦးမြင့်လွင်က “ကျနော်တို့ Trade mark ဥပဒေအသစ်အထွက်မှာ  တိုင်းပြည်မှာ တော်တော်ကြီး ဖိုသီဖတ်သီ ဖြစ်မှာ သေချာတယ်။ ဒီဟာတွေ လုပ်ဖို့ ကိစ္စမှာလေ။ ဥပဒေအသစ်နဲ့ အဟောင်းကြားမှာပေါ့။ ဆိုပါစို့ GE ဆိုပါဆို General Electric အမေရိကန်က ရှိတယ်။ အဲဒါနဲ့ တပြိုင်နက်တည်းမှာ ရန်ကုန်မှာ GE generator ထုတ်နေသူတွေ ရှိတယ်။ နောက်ဆုံးပြောရရင် ဦးအောင်သောင်းက အမရာ ၏ဟိုတယ်ကို လုပ်ထားတယ်။ အဲဒီ အမရာဆိုတဲ့ဘရန်းက ကမ္ဘာကျော်ဘရန်း ဖြစ်နေတယ်ဆိုတော့ အဲဒီမှာ ကျနော်တို့က အမရာအတွက် လျှောက်လွှာ သွားတင်ရင် ဦးအောင်သောင်းရဲ့ အမရာနဲ့ ကျနော်တို့က ပြဿနာ လာတွေ့တယ်။ အဲဒါမျိုးပါ” လို့ ပြောပါတယ်။

IP law ထွက်ပေါ်လာရင် လက်တွေ့ နယ်ပယ်မှာ အခက်အခဲ အနည်းဆုံးနဲ့ နိုင်ငံတကာရှိ မူပိုင်ခွင့်ပိုင်ရှင်တွေအတွက် အကာအကွယ် ပေးနိုင်မယ့် ဥပဒေမျိုး ဖြစ်အောင် ရည်ရွယ် ရေးဆွဲနေသလို မြန်မာနိုင်ငံအတွက် ရေးဆွဲထားတဲ့ ဥာဏပစ္စည်း ပိုင်ဆိုင်မှု ဥပဒေ မူကြမ်းကိုလည်း ကမ္ဘာ့ ဥာဏပစ္စည်း ပိုင်ဆိုင်မှု အဖွဲ့အစည်းက ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ်။

ဥာဏပစ္စည်း ပိုင်ဆိုင်မှု ဥပဒေကို နည်းစနစ်ကောင်းကောင်းနဲ့ အတည်ပြု ပြဋ္ဌာန်း ထားနိုင်ရင် လုပ်ငန်းတီထွင်မှုတွေ ရှိလာနိုင်မှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်လာမှာပါလို့ အာဆီယံ ဥာဏပစ္စည်း ပိုင်ဆိုင်မှု အဖွဲ့အစည်းက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013