DVB Logo
Home
Lead Story
ရေပြင် စက်သုံးဆီ ရောင်းချမှု ကုမ္ပဏီ ၄ ခုကို ခွင့်ပြု
DVB
·
December 9, 2013
ရေပြင် စက်သုံးဆီ ရောင်းချမှု ကုမ္ပဏီ ၄ ခုကို ခွင့်ပြု
Donate to DVB

စွမ်းအင်ဝန်ကြီးဌာနဟာ ရေပြင်မှာ လောင်စာဆီ ရောင်းချမယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ခဲ့ရာမှာ ကုမ္ပဏီ ၁၇ ခု လာရောက် လျှောက်ထားပြီး အဲဒီအထဲက ကုမ္ပဏီ ၄ ခုရဲ့ ရေယာဉ် ၉ စင်းကို ရောင်းချခွင့်လိုင်စင် ထုတ်ပေးခဲ့တယ်လို့ ပုဂ္ဂလိက အခန်းကဏ္ဍမြင့်တင်ရေး ဆောင်ရွက်ချက်ဆိုင်ရာ ထုတ်ပြန်ချက်အရ သိရပါတယ်။

[caption id="attachment_47993" align="alignleft" width="300"]စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့ စက်ရုံများသို့ လိုက်လံ စစ်ဆေးနေစဉ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မြန်မာ့ရေနံနှင့် ဓာတုဗေဒ ဦးဆောင်ညွှန်ကြားရေးမှူးတို့ စက်ရုံများသို့ လိုက်လံ စစ်ဆေးနေစဉ်[/caption]

လိုင်စင်ရထားတဲ့ ကုမ္ပဏီပိုင် ဆီတင်ရေယာဉ်တွေဟာ မြန်မာ့ရေပြင်မှာ စက်သုံးဆီ တင်ဆောင်ပြီး စက်လှေတွေနဲ့ အခြားအသုံးလိုသူတွေကို လှည့်လည် ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

အလားတူ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ဖွင့်ချင်လို့ လျှောက်ထားလာတဲ့ အရောင်းဆိုင် ၁၂၀၀ ကျော်ထဲက ဆိုင်ပေါင်း ၈၀၀၊ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးလိုသူ ၅ ဦး လျှောက်ထားတာထဲက ၃ ဦးကို လိုင်စင်ချထားပေးခဲ့ပြီး ဖြစ်တယ်လို့လည်း
ထုတ်ပြန်ချက်မှာ ပါပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရေပြင် စက်သုံးဆီ ရောင်းချမှု ကုမ္ပဏီ ၄ ခုကို ခွင့်ပြု