DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် တစ်ခါသုံး Mask စျေးနှုန်း ပြန်ကျ
DVB
·
August 5, 2021
မန္တလေးမြို့တွင် တစ်ခါသုံး Mask စျေးနှုန်း ပြန်ကျ
1 / 2
Donate to DVB

ကိုဗစ်တတိယလှိုင်းစတင်ချိန်မှ တဖြည်းဖြည်း စျေးမြှင့်တက်ခဲ့တဲ့ တစ်ခါသုံး Mask စျေးနှုန်းဟာ သြဂုတ် ပထမအပတ်မှာ စျေးနှုန်းပြန်ကျခဲ့တယ်လို့ မန္တလေးမြို့ရှိ ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင်တွေက သိရပါတယ်။

တစ်ခါသုံး Mask စျေးနှုန်းဟာ ဇွန်လ တတိယအပတ်ထိ ၅၀ ပါ တစ်ဘူးကို ၉၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ်ကြား စျေးရှိခဲ့ပေမယ် ဇွန်လကုန်ပိုင်းမှာ ၅၀ပါ တစ်ဘူးကို ၃၀၀၀ ကျပ်ထိ စျေးမြှင့်တက်ခဲ့တာပါ။

လက်ရှိ မန္တလေးစျေးကွက်အတွင်း တစ်ခါသုံး Mask ၅၀ ပါ တစ်ဘူးကို ၁၇၅၀ ကျပ်ဝန်းကျင် စျေးရှိလာတာ ဖြစ်ပါတယ်။

မန္တလေးမြို့ ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “ဇွန်လကုန်ပိုင်းက တစ်ခါသုံး Mask ၅၀ ပါ တစ်ဘူးကို ၃၀၀၀ကျပ်ထိ ဖြစ်ခဲ့တယ်၊ နယ်တွေမှာ ဒီထက် စျေးများခဲ့တယ်။ သြဂုတ် ပထမအပတ်မှာ ၅၀ ပါ တစ်ဘူးကို ၁၇၅၀ကျပ် စျေးပဲ ရှိတော့မယ်၊ တစ်ဝက်လောက် စျေးပြန်ကျသွားပါတယ်” လို့ ပြောပါတယ်။

စျေးကွက်အတွင်း တစ်ခါသုံး Mask တွေ အများအပြား ပြန်လည်ဝင်ရောက်လာတဲ့အတွက် စျေးကျတာဖြစ်ပြီး ဝယ်လိုအားက ပုံမှန်အတိုင်း ရှိပါတယ်။

KN 95 နဲ့ KF 94 Mask တွေက ၁၀ ခုပါ တစ်ထုပ်ကို ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဝန်းကျင် စျေးရှိပြီး ပစ္စည်းအဝင်မရှိသေးတဲ့အတွက် စျေးနှုန်းကျဆင်းမှု မရှိသေးပါဘူး၊ ဝယ်လိုအားကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013