DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကော်မတီက ပံ့ပိုးတာမရှိလို့ ကျိုက်ဒုံလူမှုကူညီရေးအသင်းများ အခက်အခဲနှင့် ရင်ဆိုင်ရ
DVB
·
August 5, 2021
ကိုဗစ်ကော်မတီက ပံ့ပိုးတာမရှိလို့ ကျိုက်ဒုံလူမှုကူညီရေးအသင်းများ အခက်အခဲနှင့် ရင်ဆိုင်ရ
Donate to DVB

ကရင်ပြည်နယ် ကျိုက်ဒုံမြို့မှာ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေရတဲ့ လူမှုကူညီရေးနဲ့ပရဟိတအသင်းတွေကို တာဝန်ရှိသူတွေက ဝိုင်းဝန်းပံ့ပိုးတာမရှိတဲ့အတွက် အခက်အခဲတွေ့ရှိတယ်လို့  လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါကူးဆက်ခံထားရသူတွေကို အရေးပေါ် ပို့ဆောင်တာ၊ အတည်ပြုနဲ့ သံသယ သေဆုံးသူတွေကို သဂြိုလ်တဲ့နေရာမှာ ကိုဗစ် ၁၉ ကော်မတီက လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ မထောက်ပံ့တဲ့အတွက် အခက်အခဲတွေ ရှိနေတာပါ။

လူမှုကူညီရေးလုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်နေသူတစ်ဦးက"အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လှုပ်ရှားတာတွေ မရှိတော့ဘူး။ အရေးပေါ် ပြန်ဖြစ်လာတော့ နိုင်တဲ့ဖက်က ပြန်လုပ်ဆောင်ပေးနေတယ်။ ကျနော်တို့ကို အသက်သွင်းပေးဖို့နဲ့  လိုအပ်တဲ့ပစ္စည်းတွေ ပြန်လည်ထောက်ပံ့ပေးစေချင်တယ်"လို့ ပြောပါတယ်။ 

လက်ရှိ  လူမှုကူညီရေးအသင်းတွေမှာ လုပ်ဆောင်နေတဲ့ လူငယ်တွေဟာ ကြိုတင်ကာကွယ်မှု တွေအတွက်  ပံ့ပိုးမှုတွေမရှိလို့ ရောဂါကူးဆက်ခံရမှာကြောက်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်း တွေမှာ  လူငယ်တွေလာရာက်ပူးပေါင်းလုပ်ဆောင်တာတွေ မရှိတော့ဘူးလို့ မြို့ခံပရဟိတ လူငယ်တစ်ဦးက ဆိုပါတယ်။

ကျိုက်ဒုံမြို့မှာ ဇူလိုင် ၁၅ ရက်နေ့ကနေ စတင်ပြီး အတည်ပြုပိုးတွေ့ရှိခဲ့ရာ  ရောဂါ ကူးဆက်ခံရသူ ၅ ဦး၊ ကိုဗစ်အတည်ပြု သေဆုံးသူ ၁ ဦးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အတည်ပြုလူနာ၊ သေဆုံးသူ၊ သံသယသေဆုံးသူနဲ့ ဆက်စပ်ထိတွေခဲ့သူတွေကို စုံစမ်းစီစစ်တာတွေ မရှိသလို ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေမရှိတဲ့အပြင် တိကျတဲ့သတင်း ထုတ်ပြန်ချက်တွေမရှိတဲ့အတွက် မြို့နယ်ကိုဗစ်ကော်မတီကို  ဝေဖန်နေကြသလို ရောဂါကူးဆက်ပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013