DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် Stay at Home ကာလ ULA/AA က ၂ ပတ်ထပ်မံ တိုးမြှင့်
DVB
·
August 5, 2021
ရခိုင်တွင် Stay at Home ကာလ ULA/AA က  ၂ ပတ်ထပ်မံ တိုးမြှင့်
Donate to DVB

ရခိုင်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေထိုင်ကြရမယ့် (Stay at Home) ကာလကို သြဂုတ် ၅ ကနေ ၁၈ ရက်အထိ နောက်ထပ် ၂ ပတ်ခန့်ထပ်မံတိုးမြှင့်လိုက်တယ်လို့ သြဂုတ် ၄ ရက်နေ့မှာ ULA/AA က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်မှာ ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၄ ရက်အထိ Stay at Home ကာလ ၂ ပတ်ခန့်သတ်မှတ်ခဲ့ပြီး လိုက်နာရမဲ့စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေထက် တတိယလှိုင်းမှာ ကူးစက်ခံရသူတွေ များလာကာ သေဆုံးသူတွေလည်း တိုးလာနေပေမဲ့ Stay at Home သတ်မှတ်လိုက်ပြီးတဲ့နောက် ကိုဗစ်ကူးစက်နှုန်းကို အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို Stay at Home ကာလအတွင်း ကိုဗစ်ကာကွယ်ရေးအတွက် မဖြစ်မနေ လိုက်နာရမဲ့စည်းကမ်းချက်တွေထဲက စားဝတ်နေရေးအခက်အခဲတွေ၊ စျေးရောင်းစျေးဝယ်ကိစ္စ တွေ၊ နာရေးကိစ္စတွေနဲ့ မဖြစ်မနေသွားလာရမဲ့ကိစ္စတွေရှိပါက ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ သွားလာ နေထိုင်ကြဖို့ တိုက်တွန်းထားသလို ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း မဖြစ်မနေထိုးကြဖို့နဲ့ ကာကွယ်ဆေးသွားရောက်ထိုးနှံရာမှာလည်း လူစုလူဝေးမဖြစ်စေဘဲ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ထိုးနှံကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေနဲ့ အရက်ဆိုင်တွေဟာ လူစုလူဝေးဖြစ်စေတာကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ ရပ်ဝေးမှ မိမိနေရပ်ကိုပြန်လာသူတွေအနေနဲ့လည်း Quaratine ၂ ပတ်မှ ၃ ပတ်ခန့်ထိနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရခိုင်မှာ ကိုဗစ်တတိယလှိုင်းအတွင်း မေလကနေ ​သြဂုတ် ၃ ရက်အထိ ကိုဗစ်ကူးစက်ခံရသူ ၃၀၂၁ ဦးထိရှိကာ သေဆုံးသူ ၂၃၉ ဦးရှိနေပြီဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013