DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့တွင် အမျိုးသား ၂ ဦး ခေါင်းဖြတ်အသတ်ခံရ
DVB
·
August 4, 2021
တန့်ဆည်မြို့တွင် အမျိုးသား ၂ ဦး ခေါင်းဖြတ်အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက် ဝါးရငယ်မူးဘောင်တောင်အနီးမှာ  ဩဂုတ်လ ၄ ရက် ဒီနေ့မနက်ပိုင်းက ဦးခေါင်းဖြတ်အသတ်ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့ရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဦးခေါင်းအဖြတ်ခံရသူတွေဟာ လူလတ်ပိုင်းအမျိုးသားတွေလို့သိရပြီး၊ ဘယ်သူဘယ်ဝါ အမည်မသိရသေးဘူးပါဘူး။

နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “တန့်ဆည်မှာ ပျူစောထီး၊ ဒလန်စတဲ့အဖွဲ့တွေ ရောထွေးရှုပ်ယှက်ခက်နေတဲ့အခါကြတော့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ မသိရဘူး။ ကျနော်တို့မြို့နယ်အနေနဲ့ ၈၈ တုန်းက ခေါင်းဖြတ်သတ်တယ်ဆိုတဲ့ အရိပ်မည်းကြီးကို အခု တော်လှန်ရေးကာလအထိ သယ်မလာချင်တော့လို့ ဒီလိုလုပ်နေတာကို အားလည်း မပေးဘူး လုပ်လည်း မလုပ်ဘူး”လို့ ပြောပါတယ်။

တန့်ဆည်မြို့မှာ အခုလိုခေါင်းဖြတ်အသတ်ခံရတာ ၅ ဦးလောက်ရှိသွားပြီဖြစ်ပြီး  ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ အတိအလင်း ကြေညာတာ မတွေ့ရသေးပါဘူးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013