DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၀၀ ကျော်လာ
DVB
·
August 4, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၀၀ ကျော်လာ
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သန်း ၂၀၀ ကျော် လာခဲ့ပြီဖြစ်ကာ သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူအရေအတွက်ကတော့ ၄ ဒသမ ၂ ၅ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၈၀ ဒသမ ၅ သန်း ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၆ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၃ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၃၁ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၂ သောင်းကျော်နဲ့ ရှိ နေပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၂၀ နီးပါး၊ သေဆုံးသူ ၅ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါ တယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၆ သန်း ကျော်၊ ယူကေနဲ့ တူရကီနိုင်ငံတွေက ကူးစက်ခံရသူ ၅ သန်းကျော်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ စပိန်နဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်၊ အီရန်၊ ဂျာမနီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ ပိုလန်၊ မက္ကဆီကို၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ၊ အီရတ်၊ ချီလီ၊ ဖိလစ်ပိုင်၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ရိုမေးနီးယား၊ ပါကစ္စတန် နိုင်ငံတွေမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်း ကျော် လာခဲ့တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြ ထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၃ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအ လိုက် အမှတ်စဉ် ၁၀၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့အတူ မလေးရှားနိုင်ငံမှာပါ ရော ဂါကူးစက်ခံရသူ ၁ သန်းကျော်ခဲ့ပြီ ဖြစ်တာမို့ စုစုပေါင်း ၃ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ ဂျပန်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနိုင်ငံမှာတော့ ၈ သိန်းကျော်စီ အသီးသီး ရှိနေတာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃၁၁,၀၆၇ ယောက်၊ သေဆုံးသူ ၁၀,၃၇၃ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၆ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၅,၅၀၀ ကျော် ရှိနေပါ တယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သိန်း ၇  သောင်းကျော်နဲ့ သေဆုံးသူ ၂,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇ သောင်း ၉ ထောင်ကျော်နဲ့ သေဆုံးသူ ၁,၄၀၀ ကျော်ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းခွဲကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၈ ယောက်ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၇,၀၀၀ ကျော် နဲ့ သေဆုံးသူ ၇ ယောက်ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၃၃၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013