DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၀၀ ဦး၊ သေဆုံးသူ ၁၇၀ ကျော်ရှိလာ
DVB
·
August 4, 2021
မိတ္ထီလာခရိုင်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၀၀ ဦး၊ သေဆုံးသူ ၁၇၀ ကျော်ရှိလာ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်ရှိ  သာစည်၊ မလှိုင်၊ ဝမ်းတွင်းနဲ့ မိတ္ထီလာ ၄ မြို့နယ်မှာ သြဂုတ် ၃ ရက်နေ့အထိ  ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူပေါင်း  ၂၇၀၀ ကျော်နဲ့   သေဆုံးသူ ၁၇၀ကျော် ရှိလာပြီလို့  ဒေသခံ ပရဟိတအသင်းတွေထံက  သိရပါတယ်။

ပရဟိတလုပ်ဆောင်နေသူတစ်ဦးက "ဒီတတိယလှိုင်းမှာ မိတ္ထီလာ၊ ဝမ်းတွင်းနဲ့ သာစည်က ကူးစက်မှုများနေလို့ stay at home လုပ်ထားတယ်။ ဆေးကုသလို့ ပျောက်ကင်းသွားတာတွေလည်း များပါတယ်။ ၄ မြို့နယ်မှာ ၃ မြို့နယ် stay at home ဖြစ်နေတယ်။ မိတ္ထီလာနဲ့ ဝမ်းတွင်းက သေဆုံးနှုန်းများတယ် သေမှ စစ်ဆေးလိုက်ရင် ကိုဗစ်နဲ့ သေဆုံးတာ ဖြစ်နေတာ များပါတယ်"လို့ ပြောပါတယ်။

မိတ္ထီလာမှာ ကိုဗစ်ကူးစက်ခံ လူနာ   ၈၅၆ ယောက်ရှိပြီး ၄၀၉ ယောက်ကတော့ ပျောက်ကင်းသွားပါတယ်။  ဆေးရုံနဲ့ ကုသရေးစင်တာမှာ ၃၃၇ ယောက် ရှိနေပြီး  သေဆုံးသူ ဦးရေ ၁၀၀ ကျော် ရှိနေပါတယ်။

ဝမ်းတွင်းမှာ ကိုဗစ်ကူစစ်ခံလူနာ  ၁၀၈၅ ယောက်ရှိပြီး အယောက် ၅၄၀ ကတော့ ပျောက်ကင်းသွားပါတယ်။ ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ ၅၉၀ ယောက်ရှိနေပြီး  သေဆုံးသူ ၄၅ ယောက်ရှိနေပါတယ်။

    သာစည်မှာတော့  ၄၇၇ ယောက်ရှိပြီး အယောက်  ၃၃၀ က ကိုဗစ်ပျောက်ကင်းသွားပါတယ်။ ဆေးရုံနဲ့ ကုသရေးစင်တာမှာ ၁၀၃ ယောက် ရှိနေပြီး  သေဆုံးသူ  ၁၃ ယောက် ရှိနေပါတယ်။

    မလှိုင်မှာတော့  ကိုဗစ်လူနာ ၃၁၉ ယောက်ရှိပြီး ၁၉၇ ယောက်ကတော့ ပျောက်ကင်းသွားပါတယ်။ ဆေးရုံနဲ့ ကုသရေးစင်တာမှာ ၁၁၄ ယောက် ရှိနေကာ သေဆုံးသူ ၈ ယောက် ရှိနေပါတယ်။

    တခရိုင်လုံးမှာ ကိုဗစ်လူနာ စုစုပေါင်း  ၂၇၃၇ ယောက်၊  ပျောက်ကင်းသူ ၁၄၇၆ယောက်၊ ဆေးကုသနေဆဲ ၁၀၈၅ ယောက်နဲ့ သေဆုံးသူ ၁၇၆ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013