DVB Logo
Home
မြန်မာသတင်း
လယ်မြေတွေကို မြို့ ပြ စီမံကိန်းအတွက် သိမ်းယူ
DVB
·
December 8, 2013
လယ်မြေတွေကို မြို့ ပြ စီမံကိန်းအတွက် သိမ်းယူ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာက လယ်မြေဧက ၇၀ ကို ၂၀၁၁ ခုနှစ်က သိမ်းယူပြီး ဒီနှစ်ကုန်ခါနီးမှာ မြေကွက် ၆၈၈ ကွက် ရိုက်ကာ တောင်သူတွေကို ၁ ဧက မြေ ၂ ကွက်နှုန်းနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့အတွက် လယ်ပိုင်ရှင်တွေက မကျေနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

Ohn Villageလယ်ပိုင်ရှင်ဖြစ်တဲ့ ဦးမောင်မြင့်က “ကျနော်တို့ ယာကွက်တွေ ပလပ်မြေအဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူးကနေ သိမ်းတယ်လို့ ပြောပါတယ်။ နောက်ထပ် တဖန်လာပြီးတော့ အစည်းအဝေးတွေ ခေါ်ပါတယ်။ အစည်းအဝေးတွေ ခေါ်တိုင်းခေါ်တိုင်း ကျနော် မတက်ဖူးဗျ။ ကျနော် တက်တာ အစည်းအဝေးကို ဖိတ်စာကြီးနဲ့ ခေါ်တဲ့နေရာမှာ ၁၃ရက် ၁၁ လပိုင်း ၂၀၁၃မှာ ကျနော် တက်ပါတယ်ခင်ဗျ။ လက်မှတ်ထိုးစဉ်အခါကတော့ ၁၇ ရက် ၁၁ လပိုင်း ၂၀၁၃ မှာ လက်မှတ်ထိုးလိုက်ရပါတယ်။ တိုင်းဝန်ကြီးချုပ် ဦးသာအေးက သိမ်းမှာ။ လက်မှတ်မထိုးလဲ သိမ်းမှာ။ လက်မှတ်ထိုးလဲ သိမ်းမှာ ဆိုတော့ ကျနော်လည်း နည်းနည်းမှ ရရ ဆိုပြီး လက်မှတ်ထိုးပေးလိုက်ရတာပါ။” လို့ ပြောပါတယ်။

ဒေသခံတွေကတော့ သမ္မတဦးသိန်းစိန်ထံ အဓမ္မလယ်ယာမြေသိမ်းဆည်းခံရမှုကို နိုဝင်ဘာ ၃၀ ရက်နေ့ က စာရေးသားတိုင်ကြားထားပါတယ်။

အုံတုံပင်ကျေးရွာနေ လယ်သူမတဦးဖြစ်တဲ့ ဒေါ်သေးက “အကွက်ရိုက်ဖို့ရာ ပထမတုန်းကတော့ ကွင်းဘယ်လောက်ပဲ ကျယ်ကျယ် အရှေ့တ၀န်း အနောက်တ၀န်း ၂ ၀န်းပဲ ပေးမယ်တဲ့ ။ နောက်ပိုင်း မကျေနပ်တော့ ကျတော့ ၂ ၀န်းပိုလာတယ်။ ရှေ့ ၂ ၀န်း နောက် ၂ ၀န်းပေးပါမယ်။ ဒါကိုလဲ လက်မှတ်မထိုးသေးပါဘူး။ နောက်ပိုင်းကျတော့ သူတို့က ပြောလို့ပါ။ ဒီနေရာကို လက်မှတ်မထိုးလို့ ရှိရင်လည်း လုပ်စားရလိမ့်မယ်လို့ ထင်သလား တဲ့။ လုပ်လည်း မစားရဘူး အဆောက်အဦလည်း မဆောက်ရပါဘူးတဲ့။ သိမ်းမှာတဲ့။ သူက အဲလိုပြောပါတယ်။ ခံစားချက်ကတော့ ပြောမနေနဲ့။ အဖွားဖြင့် အဲ့ညတုန်းက အိပ်လို့တောင် မပျော်ဘူး။ ကိုယ့်မြေလေးတွေ ပါသွားမှာ စိုးလို့ပါ။”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဆင်းလာပြီး အခုကိစ္စအတွက် ညှိနှိုင်းရာမှာ မြို့ပြစီမံကိန်း ဖြစ်လာရင် မြေကွက်တွေ ဈေးကောင်းရမှာမို့ ခုလို မြေကွက်ပေးတာကို သဘောတူ လက်ခံတာသာ အကောင်းဆုံး ဖြစ်ကြောင်း ပြောသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013