DVB Logo
Home
မြန်မာသတင်း
အောက်ဆီဂျင်အိုးများကို MMAID အဖွဲ့က စရိတ်သက်သာစွာဖြင့် ရောင်းချပေးမည်
DVB
·
August 3, 2021
အောက်ဆီဂျင်အိုးများကို MMAID အဖွဲ့က စရိတ်သက်သာစွာဖြင့် ရောင်းချပေးမည်
1 / 27
Donate to DVB

မြန်မာနိုင်ငံနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်ကစပြီး အောက်ဆီဂျင်လိုအပ်ချက် များပြားလာတဲ့အတွက် ရောင်းချပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီ (MMAID) က မှာယူထားတဲ့ အောက်ဆီဂျင်အိုးတွေ သြဂုတ် ၁ ရက်နေ့က ရောက်လာပြီလို့ သိရပါတယ်။

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက “အိုးတွေကတော့ အသုတ်တွေခွဲပြီး ရောက်တာပေါ့။ စုစုပေါင်း ၃၄၀၀ သွင်းဖို့ လျာထားတာ။ ၄၀ လီတာအိုးက နှစ်သိန်း။ ၁၅ လီတာအိုးကတော့ ၁၄၀,၀၀၀ ပေါ့။ အဲဒါက ပစ္စည်းအစုံအလင်ပေါ့။ ၃၀၀၀ ကိုတော့ ရောင်းပါ မယ် ၄၀၀ ကိုတော့ လှူဒါန်းတာတွေ လုပ်ပါမယ်။ အခုက ကားနဲ့သယ်လာတာ အလုံး ၇၀၀ ကျော်ပါ” လို့ ပြောပါတယ်။

MMAID အနေနဲ့ ကိုဗစ်တတတိယလှိုင်းကစတင်ပြီး သက်ဆိုင်ရာဗလီတွေနဲ့ အသင်းပိုင်နေရာတွေမှာ အောက်ဆီဂျင် ပေးဝေလှူဒါန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုအောက်ဆီဂျင် ရောင်းချပေးမယ့် အစီအစဥ်အတွက် အွန်လိုင်းကနေ လျှောက်လွှာတွေ  ခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ များပြားပြီး ဝယ်ယူလိုတဲ့ အိုးအလုံးရေ တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

လူတစ်ဦးချင်းအနေနဲ့ တစ်လုံးသာ ရောင်းချပေးမှာဖြစ်ပြီး ပရဟိတအသင်းတွေနဲ့ ဘာသာရေးဆိုင်ရာ ကူညီရေးအသင်းတွေကို နှစ်လုံးနှုန်းစီ၊ ဘာသာရေးဆိုင်ရာ ဆေးရုံတွေကို ငါးလုံးစီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၀ လုံး လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အိုး ၇၀၀ ကျော်ရောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးအတွက် ပစ္စည်းတွေ ချထားပေးပြီးပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု များလာချိန်ကစပြီး အောက်ဆီဂျင်လိုအပ်ချက် ရှိလာပြီး အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဈေးတင်ရောင်းချတာနဲ့ ပစ္စည်းပြတ်လပ်တာတွေ ကြုံနေကြရတာပါ။

Myanmar Muslim Aid (MMAID) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရောင်းချမယ့်ပုံစံတွေကို ဖော်ပြထားပါတယ်။

Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013