DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ အခန်း ၁ အခြေခံမူများပြင်ဖို့ အကြံပြုချက် အများဆုံး
DVB
·
December 8, 2013
ဖွဲ့စည်းပုံ အခန်း ၁ အခြေခံမူများပြင်ဖို့  အကြံပြုချက် အများဆုံး
Donate to DVB

လွှတ်တော် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီထံ ရောက်လာတဲ့ အကြံပြုစာတွေထဲမှာ ဖွဲ့စည်းပုံအခန်း ၁ ကို ပြင်ဖို့ အကြံပြုချက်က အများဆုံးဖြစ်တယ်လို့ ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်၊

Staff sell copies of Myanmar's constitution at the Lower House of Parliament in Naypyitawဒီဇင်ဘာ ၅ ရက်အထိ ကော်မတီထံ ရောက်လာတဲ့ အကြံပြုစာပေါင်း ၄၄၀ ရှိပြီး အကြံပြုချက်ပေါင်း ၂ ထောင်ကျော်ရှိတယ်လို့ ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီ သတင်းထုတ်ပြန်ထဲပါတဲ့ အကြံပြုချက်တွေကို ကော်မတီဝင်တွေ မစိစစ်ရသေးဘူးလို့ ကော်မတီဝင်တဦးဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“သူက လောလောဆယ် သူတို့ဆီမှာ ရှိတဲ့ဟာတွေကို သတင်းထုတ်ပြန်တာ ကျနော်တို့က အဲဒီ  အကြံပြုလွှာကို ကျနော်တို့ ၁၀၉ ဦးကနေပြီး အဖွဲ့လိုက် ပြန်စိစစ်ပြီးတော့မှ နောက် ပါတီက တင်တဲ့ဟာတွေကို ဘယ်ဟာ အများဆုံးလဲဆိုတာကို ပြောပါမယ်ခင်ဗျ။ အဲဒီကြမှ ကျနော်တို့ သိမှာပါ။ ထုတ်ပြန်တာက သူတို့ အထဲကပဲ ထုတ်ပြန်မှာပါခင်ဗျ။ လောလောဆယ် သူတို့ရထဲအထဲကနေပြီး ရလာတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး သူတို့ပြောတာနဲ့ တူပါတယ်ခင်ဗျ။ ”

အကြံပြုချက်တွေထဲ ဖွဲ့စည်းပုံအခန်း ၁ ကို ပြင်ဖို့ အကြံပြုချက်ပေါင်းက ၅၉၀နဲ့ ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

အခန်း ၁ ဟာ နိုင်ငံတော်အခြေခံမူများအခန်းဖြစ်ပြီး ဖွဲ့စည်းပုံပြင်ရင် ဒီအခြေခံမူတွေကစလို့ ပြင်ရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးကော်မတီဝင် ဦးအောင်သိန်း က ပြောပါတယ်။

“ဒီ အခန်း ၁ က ဖွဲ့စည်းပုံကြီးရဲ့ အဓိကကြတဲ့ မူရင်းပေါ့ဗျာ။ အဲဒီဟာတွေပေါ်မှာမှ ဆက်ပြီးတော့ သူတို့ကနေပြီးတော့ အခြေခံမူကစပြီး ပြင်တယ်ဆိုတဲ့ သဘောပါပဲ။ ဒီအခြေခံက စပြီး ပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံတခုလုံးကို ပြင်တာပေါ့ဗျာ။”

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ပါတီအဖွဲ့အစည်းအသီးသီးနဲ့ အသင်းအဖွဲ့အသီးသီးက ပေးပို့လာတဲ့ အကြံပြုစာတွေ ဖြစ်ပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကတော့ ကော်မတီထံ ဒီနေ့ထိ ပေးပို့ခြင်း မရှိသေးပါဘူး။

ကော်မတီထံအကြံပြုစာတွေကို ဒီဇင်ဘာလကုန်အထိ  ပေးပို့နိုင်တယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013