DVB Logo
Home
မြန်မာသတင်း
ဩဂုတ် ၁ ရက် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ သာပေးနိုင်မည်
DVB
·
July 31, 2021
ဩဂုတ် ၁ ရက် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ သာပေးနိုင်မည်
Donate to DVB

ဇူလိုင်လအတွင်း အောင်ဘာလေထီလက်မှတ် အုပ်ရေ ၁၄၀၀၀၀ ကျော်ပဲ ရောင်းချခဲ့ရတဲ့အတွက် ဩဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀၀ပဲ အမြင့်ဆုံး ပေးနိုင်မယ်လို့ ထီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ 

နိုင်ငံတဝန်း ဇူလိုင်လအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက ထီလက်မှတ်အုပ်ရေစုစုစုပေါင်းရဲ့  ၂၀ရာခိုင်နှုန်းအောက် အုပ်ရေ ၁၄၀၀၀၀ ပဲ  ရောင်းကုန်ခဲ့ပါတယ်။ ထီလက်မှတ်ရောင်းရငွေထဲက ၆၀ ရာခိုင်နှုန်းကို ဆုကြေးပြန်ပေးမှာဖြစ်ပြီး အမြင့်ဆုံးဆု အနေနဲ့ ငွေကျပ် သိန်း ၅၀၀၀ ဆုကိုပဲပေးနိုင်မှာဖြစ်ပါတယ်။ 

ကိုဗစ် တတိယလှိုင်းကြောင့် အောင်ဘာလေသိန်းဆုဌာနကို ဇူလိုင် ၁၇ရက်နေ့မှာ ပိတ်ခဲ့ရတဲ့အတွက် အဲ့ဒီနောက်ပိုင်း အရောင်းအဝယ်မရှိသလောက်ဖြစ်ခဲ့ပါတယ်။

ဇွန်လတုန်းကလည်း  ထီလက်မှတ်အုပ်ရေ အုပ်ရေနှစ်သိန်းကျော် ငွေကျပ် ၂ ဘီလီယံကျော်ဖိုးပဲရောင်းကုန်ခဲ့ပြီး အမြင့်ဆုံးဆု ငွေကျပ်သိန်း ၅၀၀၀ ပဲ ပေးနိုင်ခဲ့ပါတယ်။ ထီဆုအသေးတွေကိုလည်း အရင်အစိုးရလက်ထက်တုန်းကလို ဝေဝေဆာဆာမပေးနိုင်တော့ဘူးလို့ဆိုပါတယ်။

ထီကုန်သည်တစ်ဦးဖြစ်တဲ့ ဦးစန်းယုက "ထီကဖွင့်ပါတယ်။ အရောင်းက အုပ်ရေ တစ်သိန်းလေးသောင်းကျော်ပဲရှိတယ်။ အမြင့်ဆုံးဆုက သိန်း ငါးထောင်ပဲလေ။ သိန်းငါးရာတို့ဘာတို့ ဆုတွေတော့နည်းသွားတာပေါ့။ နဂိုဆိုရင် ၇ ဆု ၈ဆု ဖွင့်တယ်။ အခုက ၁ ဆုပဲဖွင့်တော့တယ်။ ကိုဗစ်ဖြစ်သွားတာလည်းပါတယ်။ ခန့်မှန်းခြေ ၂၀ရာခိုင်နှုန်းလောက်ပဲရောင်းရတာပေါ့။ ရောင်းအားလျော့တာပေါ့။ ကိုဗစ်ဖြစ်သွားတော့ အောင်ဘာလေရုံးက ဇူလိုင် ၁၇ ရက်ကနေ တောက်လျှောက်ပိတ်သွားတာလေ။ အရောင်းပိတ်လိုက်တော့ မရောင်းရတော့ဘူးပေါ့"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တခြားစီးပွားရေးလုပ်ငန်းတွေလည်ပတ်ဖို့ အခက်အခဲဖြစ်ခဲ့သလို ထီလုပ်ငန်းလည်း ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ နယ်မြို့တွေက ခေါက်ပြန်ကြေးနဲ့ ထီအရောင်းအဝယ်လုပ်ခဲ့သူတချို့လည်း လက်မှတ်ဖိုးတွေပုံမှန်မရှင်းနိုင်တော့ဘဲ အကြွေးတင်ပြီး ဒုက္ခရောက်နေပါတယ်။

ထီအရောင်းအဝယ်ပြုလုပ်သူ ကိုဖိုးပေါက်က "ဖေဖော်ဝါရီအာဏာစသိမ်းကတည်းက တစ်လကို  ထီ တစ်လကို  သိန်း ခြောရာလောက်ယူရောင်းတာပေါ့။ သိန်း ခြောက်ရာဖိုးယူပြီးတော့ ဘေးကိုပြန်ချပေးတာပေါ့။ ဘေးကလူတွေက မတ်လ ၁၅ ရက်နေ့မှာ ထီဖွင့်တော့ ထီဖိုးတွေမပေးနိုင်တော့ ရှိတာတွေအကုန်ရောင်းချပြီးဆပ်လိုက်တာပေါ့။ မကျေသေးဘူး။ လုပ်ငန်း ဘဝပျက်သွားတဲ့ပုံစံမျိုးပေါ့။ အဓိက ကတော့ ပြည်သူတွေရဲ့ယုံကြည်မှုက အဓိကပေါ့"။

စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တစ်နှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။ 

ပြည်သူတွေရဲ့ထီမထိုးတဲ့သပိတ်နဲ့ ကိုဗစ်အကျပ်အတည်းကြောင့် ထီမရောင်းရဘူးဆိုရင် စစ်ကောင်စီဟာ တစ်နှစ်ဝင်ငွေ အများဆုံး ၁၂ဘီလီယံဝန်းကျင်ပဲရနိုင်တော့မယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က ခန့်မှန်းထားပါတယ်။ 

တစ်နှစ်ပတ်လုံးထီမရောင်းရဘူးဆိုရင် ထီကရမယ့် အခွန်ဝင်ငွေထဲက ၁၅၁ဘီလီယံလောက် စစ်ကောင်စီက နစ်နာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ဟာ အောင်မြင်တယ်လို့လည်း သူကဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013