DVB Logo
Home
မြန်မာသတင်း
ပုသိမ် ရဲစခန်းရှေ့ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူငယ် ၂ ဦး ဖမ်းဆီးခံရ
DVB
·
July 31, 2021
ပုသိမ် ရဲစခန်းရှေ့ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူငယ် ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းရဲစခန်းရှေ့ဗုံးပေါက်တာနဲ့ ပတ်သက်ပြီး အသက်မပြည့်သေးသူအပါအဝင် အမျိုးသား ၂ ဦးကို အဲဒီနေ့ည ၁၀ နာရီလောက်မှာ ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီတိုင်းအရပ်ဝတ်တွေနဲ့ သေနတ်တွေယူလာပြီး အိမ်ကိုဝိုင်းတာ၊ တစ်ယောက်က အသက် ၂၉ လောက်ရှိမယ်၊ ကျန်တဲ့တစ်ယောက်က ၁၆ နှစ်မပြည့်သေးဘူးကြားတယ်။ အိမ်ကို အယောက် ၃၀ လောက်ဝိုင်းပြီး တက်ဆွဲသွားတာ'' လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားသူ ၂ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို ခုချိန်ထိလည်း အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013