DVB Logo
Home
မြန်မာသတင်း
မြတောင်စစ်ကြောင်းက လူငယ်များ နေထိုင်ရာအိမ်အနီး စစ်တပ်ကဝင်ရောက်စီးနင်း၊ ၅ ဦး ဖမ်းခံရ
DVB
·
July 31, 2021
မြတောင်စစ်ကြောင်းက လူငယ်များ နေထိုင်ရာအိမ်အနီး စစ်တပ်ကဝင်ရောက်စီးနင်း၊ ၅ ဦး ဖမ်းခံရ
Donate to DVB

မန္တလေးမြို့မှာ မြတောင်စစ်ကြောင်းက လူငယ်တွေ နေထိုင်ရာအိမ်အနီး ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာ ၅ ဦး ဖမ်းခံရတယ်လို့ ကနဦး သိရပါတယ်။

ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ပစ်ဖောက်တာတွေရှိပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက “မြတောင်သပိတ်က လူငယ်တွေနေထိုင်ရာ အိမ်ပတ်ပတ်လည်ကိုဝိုင်းပြီး ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရတယ်။ ၇ ယောက်နေတာ ၂ ယောက်က ခုန်ချထွက်ပြေးတယ်။ ဘယ်သူတွေပါသွားလည်းတော့မသိရသေးဘူး။” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းက အပြန်မှာလည်း ကျောင်းသား ၃ ယောက်ကို ကားနဲ့တိုက် ဖမ်းဆီးရာ တစ်ဦး ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း မန္တလေးမြို့ရှိ  မြတောင်ကျောင်းတိုက်ကို   စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး  သံဃာတော် ၂ ပါးနဲ့ လူငယ် ၁ ဦးကို ဖမ်းဆီးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြတောင်စစ်ကြောင်းက လူငယ်များ နေထိုင်ရာအိမ်အနီး စစ်တပ်ကဝင်ရောက်စီးနင်း၊ ၅ ဦး ဖမ်းခံရ