DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများ တန်းတူအကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ရန်လိုဟု ဒေါ်စုပြော
DVB
·
December 7, 2013
တိုင်းရင်းသားများ တန်းတူအကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ရန်လိုဟု ဒေါ်စုပြော
Donate to DVB

ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားအားလုံးအတွက် တန်းတူ အကျိုးအမြတ် ရစေမယ့် ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ လိုတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

asskတိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့   မြန်မာနိုင်ငံမှာ အကျိုးအမြတ် တန်းတူရတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန် ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ပြီး မတူညီတဲ့ တိုင်းရင်းသားဒေသတွေ အများကြီးရှိတယ်ဆိုတာ စီးပွားရေးသမားတွေကို အမြဲ အသိပေးပါတယ်။  ပြီးတော့  အနာဂတ်ကို ကြည်ြ့ပီး အားလုံးအတွက် မျှမျှတတ ဖွံ့ဖြိုးတိုးတက်စေမယ့် ရင်းနှီးမြှုပ်နံမှုတွေ ဖြစ်ဖို့ လိုတယ်။ စီးပွားရေးသမားတွေဘက်ကတော့ သူတို့အကျိုးအတွက်ပဲ စဉ်းစားမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က အတွေးမျိုးကိုပဲ အာရုံမစိုက်ဖို့ ရင်းနှီးမြုပ်နှံသူတွေကို တိုက်တွန်းချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေအပေါ် တာဝန်ဝတ္တရားရှိတဲ့  ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သူရဲ့ ဥရောပခရီးစဉ်မှာ  ဥရောပ ကုမ္ပဏီတွေ မြန်မာကို လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်တာတွေ ရှိခဲ့သလို နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာကြဖို့ စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ Asia Society ဆွေးနွေးပွဲမှာ ဖိတ်ခေါ်ခဲ့ဘူးပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အပေါ်မှာလည်း လာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ၂ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ဧပြီလကနေ ဩဂုတ်လကုန်အထိ ၅ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်  အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရှိခဲ့တာကြောင့် အရင်နှစ်ကထက်တော့ ဒေါ်လာ သန်း ၄၀၀  ပိုဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013