ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က မူဆယ်မြို့စီးပွားရေးလုပ်ငန်းရှင်များအသင်းကနေ လူဦးရေ ၁၅၀၀ကို ထမင်းဘူး၊ ရေနဲ့အချိုရေ အခမဲ့ပေးဝေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Lock down ကာလဖြစ်တာကြောင့် မနက်ပိုင်း ၉ နာရီခွဲကနေ စတင်လှူဒါန်းပေးနေပြီး အခု လှူဒါန်းတာနဲ့ဆို နှစ်ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလဖြစ်နေတာကြောင့် လူစုလူဝေးမဖြစ်စေဖို့ ၆ ပေခွာတန်းစီဝေပေးပြီး အခုကာလ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို ဦးစားပေးရစေလိုတယ်လို့ ဆိုပါတယ်။
မူဆယ်မြို့စိီးပွားရေးလုပ်ငန်းရှင်များအသင်းအနေနဲ့ ၁၀ ရက်ထိ လှူသွားမှာဖြစ်ပြီး တစ်လ တိတိလှူဒါန်းနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။