DVB Logo
Home
Lead Story
ဗီယက်နမ်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရန် လမ်းပြမြေပုံ ချမှတ်
DVB
·
December 7, 2013
ဗီယက်နမ်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရန် လမ်းပြမြေပုံ ချမှတ်
1 / 3
Donate to DVB

လမ်းဖြတ်ကူးရတာဟာ ဗီယက်နမ်မှာ လက်တွေ့ကျတဲ့ ကျွမ်းကျင်မှု ပညာတရပ် ဖြစ်ပါတယ်။ အဲဒါဟာ သူတို့ အဲဒီကိုရောက်တာနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပထမဆုံး သတိပြုမိတဲ့ အရာပါပဲ။

နောက် လမ်းလျှောက်သူတွေအတွက် ဖြတ်ကူးလမ်း မရှိတဲ့နေရာမှာ မော်တော်ဆိုင်ကယ် အားလုံးကို ဖြတ်ကျော်ဖို့ သင်ယူရတာဟာ အတော်လေး အဓိကကျတဲ့ အောင်မြင် ဆောင်ရွက်နိုင်မှုတခု ဖြစ်ပါ တယ်။

ဒါပေမယ့် မကြာခင်မှာတော့ ပရမ်းပတာ ဖြစ်နေတာတွေ နည်းနည်းတော့ လျော့သွား နိုင်ပါတယ်။

RTR2TG04-300x196အစိုးရက မော်တော်ယာဉ်တွေ၊ ယာဉ်တွေနဲ့အတူ ပါလာတဲ့ လေထုညစ်ညမ်းမှု အားလုံးကို ထိန်းချုပ်ဖို့ ကိုင်တွယ်ဆောင်ရွက်မှုအသစ်တွေကို စတင်လုပ်ဆောင်နေပါပြီ။

ဟိုချီမင်း ပို့ဆောင်ရေးတက္ကသိုလ်က ထရင်ဗင်ချင်းက “ဖွံဖြိုးတိုးတက်မှုအရ ပထမဆုံးက ကျနော်တို့ ခြေကျင်လျှောက်တဲ့ လမ်းသွားလမ်းလာတွေအတွက် နေရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရပါမယ်။ ဒီလိုမှပဲ ပြည်သူလူထုတွေက မြို့ထဲမှာ လမ်းလျှောက်နိုင်လာမှာပါ။ ဒုတိယက ဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းချမှတ်မှုနဲ့လူထု ပြုပြင်ပြောင်းလဲရေးတွေကို စေ့စေ့စပ်စပ် သုတေသန လုပ်ဆောင်ရပါမယ်။ တတိယက မြို့တော်ရဲ့ ဗဟိုအချက်အချာတွေမှာ လျှပ်စစ်ကားတွေ အသုံးပြုဖို့အားပေးသင့်ပါတယ်”   လို့ ရှင်းပြပါတယ်။

တာဝန်ရှိပုဂ္ဂိုလ်တွေက မြို့လယ်မှာ ယာဉ်မောင်းတာကို အခွန်ကောက်ဖို့နဲ့ တချို့ရုံးနဲ့ ကျောင်းချိန်တွေကို ပြောင်းပစ်ဖို့လည်း စီစဉ်နေပါတယ်။

People travel along a street in Hanoiပြဿနာက တရုတ်နိုင်ငံမှာလောက် မဆိုးပေမယ့် အစီအစဉ်က လေထုညစ်ညမ်းမှုကို လျှော့ချဖို့ပါ။

အာကီရာဟိုဆိုမီက ပို့ဆောင်ရေးဆိုင်ရာ ဂျပန် အပြည်ပြည်ဆိုင်ရာအကြံပေးများအတွက်
ဗီယက်နမ်ကိုယ်စားလှယ် ဖြစ်ပါတယ်။

“လေထုညစ်ညမ်းမှုက တခြားမြို့ကြီးတွေနဲ့ ကိန်းဂဏန်းအရ တူညီနေတာကို ပြနေရင်တောင်မှ ဗီယက်နမ်က ပြည်သူတွေဟာ လေထုညစ်ညမ်းမှုကို ပိုပြီး ခံစားရနိုင်တယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း ပြည်သူလူထုက သူတို့ သွားလာမှုအတွက် မော်တော်ဆိုင်ကယ်တွေ စီးနေကြတယ်လေ။”

တကယ်လို့သာ ပြည်သူလူထုက မတူကွဲပြားတဲ့အချိန်တွေမှာ သွားလာကြမယ်ဆိုရင် ရုံးတက်နဲ့ ကျောင်းတက်ချိန်တွေမှာ သိပ်ရှုပ်ထွေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်အမြင်ကတော့ ကျောင်းတွေနဲ့ ရုံးတွေရဲ့အချိန်တွေကို ပြောင်းလိုက်တာဟာ အထူးသဖြင့် မနက်ခင်းအစောပိုင်းမှာ ယာဉ်ကြော ပိတ်ဆို့တာကို လျော့ကျ သွားဖို့ပါ။ အဲဒါဟာ လိုအပ်ပါတယ်။ တကယ်တော့ နိုင်ငံသားတွေရဲ့ နေ့စဉ်ဘ၀အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်က အာရှနဲ့ ဥရောပက နိုင်ငံအတော်များများကို သွားရောက်ဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ကျနော် တွေ့ခဲ့တာက သူတို့အားလုံးမှာ တူညီတဲ့ အဖြေတွေ ရှိကြတယ် ဆိုတာပါပဲဗျာ။”

ထောင်နဲ့ချီတဲ့ ဗီယက်နမ်တွေဟာ နှစ်စဉ်နှစ်တိုင်း လမ်း မတော်တဆ ထိခိုက်မှုတွေကြောင့် သေဆုံးနေခဲ့ကြရပါတယ်။ တခြား လူတွေ အတော်များများကတော့ ဒဏ်ရာရကြ ဒါမှမဟုတ် မော်တော်ယာဉ်ပြဿနာ တွေကြောင့် နာဖျားမကျန်း ဖြစ်ကြရပါတယ်။

ကျောင်းသား သဘာ၀၀န်းကျင်ကလပ် အာဘီအိပ်ဆ်ခ်ရဲ့ ဥက္ကဋ္ဌ ငုရင်နုသက်က “ကျမက ကျောင်းကို ဘိုင်စကယ်နဲ့ သွားခဲ့တာပါ။ ဘိုင်စကယ်စီးရတာကို ကျမ သဘောကျပါတယ်။ ကျမ လေ့ကျင့်ခန်း လုပ်ချင်တဲ့ ပုံစံပါ။ ဒါပေမယ့် ကျမက ၁ နှစ်အကြာမှာ ရပ်ပစ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နေမကောင်း ဖြစ်လာခဲ့လို့ပါ။ ကျမ ပန်းနာရင်ကြပ် ဖြစ်ခဲ့တာပါ။ ကျမက မျက်နှာဖုံး မ၀တ်ခဲ့တော့ ဖုန်မှုန်တွေ အများကြီးကို ရှူခဲ့ရပါတယ်။ ကျမ ဘိုင်စကယ် ဆက်မစီးတော့ပါဘူး။ ဘာလို့လဲဆိုတော့ လေထု ညစ်ညမ်းမှုကြောင့်ပါ။ နောက် ကျမ မော်တော်ဆိုင်ကယ်ကို ပြောင်းစီးခဲ့ပါတယ်။ ”

ဒါပေမယ့် လေထုညစ်ညမ်းမှု လျော့နည်းလာတာနဲ့ အတူ ပြည်သူလူထုက သူတို့ရဲ့ ဘိုင်စကယ်တွေနဲ့ပဲ ပြန်ပြီး သွားလာလှုပ်ရှားရဖို့ ပိုအလားအလာ ရှိလာပါလိမ့်မယ်။

ဒေသခံ ဗီယက်နမ်တယောက်ဖြစ်တဲ့ ဒိုကွမ်ဟွေကတော့ သူတို့ဟာ လမ်းလျှောက်ကြရဖို့
လည်း ပိုပြီး အလားအလာရှိလာ လိမ့်မယ်လို့ ပြောပါတယ်။

01hanoi“မြို့လယ်မှာ အထူးသဖြင့် ငုရင်ဟူနဲ့ လေလွိုင်လမ်းတွေပေါ်မှာ ကားတွေ ပိုပြီးနည်းလာရင် ယာဉ်ကြော ပိတ်ဆို့မှု များများစားစား ရှိတော့မှာ မဟုတ်တော့ဘဲ ကမ္ဘာလှည့်ခရီးသည်တွေ အတွက်လည်း လှည့်ပတ် လမ်းလျှောက်လို့ ပိုပြီး လွယ်ကူသွားတာပေါ့ဗျာ။ ဥပမာ အခု ခင်ဗျားတို့ ရုံးတက်ချိန်နဲ့ ကျောင်းတက်ချိန်တွေမှာ အပြင်ထွက် လမ်းလျှောက်မယ်ဆိုရင်တော့ လေထု သိပ်ညစ်ညမ်းနေပြီး ကားဟွန်းသံတွေလည်း ဆူညံနေမှာပါပဲ။ လူတွေက လမ်းဖြတ်ကူးဖို့ကို တကယ်ပဲ တွန့်ဆုတ် နေကြတယ်။ အဲဒါက သူတို့ ဗီယက်နမ်သွား လည်ပတ်ခဲ့တဲ့အကြောင်းကို ကျနော် သူငယ်ချင်းတွေက ပြန်ပြောပြခဲ့တာတွေပါ။ သူတို့ဟာ တကယ်ပဲ စိုးရိမ် ကြောက်လန့်နေခဲ့ကြတယ်ဗျ။”

ဒိုကွမ်ဟွေကတော့ တကယ်လို့ မြို့တော်ရဲ့ မြေအောက်မီးရထားစနစ်တခုကို စပြီးဆောင်ရွက် မယ်ဆိုရင်တော့ သူ့ရဲ့မော်တော်ဆိုင်ကယ်ကို ၀မ်းမြောက်ဝမ်းသာပဲ စွန့်လွှတ်လိုက်မှာပါလို့ ပြောပါတယ်။

အာကီရာဟိုဆိုမီက ဂျပန်ရဲ့ ကျော်ကြားတဲ့ မြေအောက်မီးရထား အတွေ့အကြုံကို သုံးပြီး
ဗီယက်နမ်နိုင်ငံရဲ့ ကိုယ်ပိုင် မီးရထားစနစ် တည်ဆောက်ဖို့ အကူအညီပေးနေပါတယ်။

“မြေအောက်မီးရထားစနစ် တည်ဆောက်တာနဲ့တော့ အရာရာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မူဝါဒ အရောအနှောက သိပ် အရေးကြီးပါတယ်။ တကယ်လို့ မြေအောက်မီးရထားစနစ်ကို ရမယ်။ ဒါပေမယ့် လူတွေက သူတို့ရဲ့ ကိုယ်ပိုင် မော်တော်ယာဉ် တွေကို ဆက်သုံးနေဦးမယ်ဆိုရင် ခက်ခဲမှာပါ။ ဒီတော့ ကျနော်တို့က အခုအချိန်မှာ လူတွေကို လူထု သယ်ယူပို့ဆောင်ရေးကို အသုံးပြုဖို့ အားပေးပြီး ပုဂ္ဂလိကယာဉ်တွေကို ထိန်းချုပ်ရပါလိမ့် မယ်။ ဒါပေမယ့် တကယ်လို့ အခြေခံအဆောက်အဦ မရှိပဲ အဲဒါကို အခုလုပ်မယ်ဆိုရင် လူတွေမှာ တခြား ရွေးချယ်စရာ မရှိဘဲ မကျေမနပ် ပြောဆို လာနိုင်တာပေါ့ဗျာ။”

တကယ်လို့ ဗီယက်နမ်က သူရဲ့ လေထုညစ်ညမ်းမှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို လျော့ချနိုင်
မယ်ဆိုရင် လမ်းဖြတ်ကူးတဲ့နေရာမှာ ဒီလို စွန့်စားရတဲ့ အခြေအနေမျိုး ဆက်ဖြစ် မလာနိုင်တော့
ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့မြို့တော်က ပိုပြီး သန့်ရှင်း လုံခြုံလာပါလိမ့်မယ်။

လီယန်ဟုန်းက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တော်က သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013