DVB Logo
Home
မြန်မာသတင်း
ကယားတွင် ၁ လအတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူ ၅၂၈ ဦးနှင့် သေဆုံးသူ ၁၈ ဦး ရှိလာ
DVB
·
July 30, 2021
ကယားတွင် ၁ လအတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူ  ၅၂၈ ဦးနှင့် သေဆုံးသူ  ၁၈ ဦး ရှိလာ
1 / 2
Donate to DVB

ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂၈ ဦးနဲ့ သေဆုံးသူ ၁၈ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အတွေအရ သိရပါတယ်။

ပိုးတွေ့ရှိသူတွေထဲမှာ လွိုင်ကော်မြို့က ၄၄၆ ဦး၊ ဖရူဆိုမြို့က ၆ ဦး၊ ဘောလခဲမြို့ ၁၅ ဦးနဲံ ဖားဆောင်းမြို့က ၅၈ ဦး၊ စုစုပေါင်း ပိုးတွေ့ရှိသူ  ၅၂၈ ဦးဖြစ်ပါတယ်။

သေဆုံးသူ ၁၈ ဦးမှာတော့ လွိုင်ကော်မြို့က ၁၇ ဦးနဲ့ ဖရူဆိုမြို့က ၁ ဦးတို့ဖြစ်ပြီး သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၁၃၉ ဦးနဲ့ ဆေးရုံတက်ရောက်ဆဲ ၃၇၁ ဦး ကျန်ရှိကြောင်း ကျန်းနယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကယားပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုတွေဖြစ်တဲ့အထဲက လူနေသိပ်သည်းပြီး ရွှေ့ပြောင်းလုပ်သား အများစုနေထိုင်တဲ့ ခဲသတ္တုထွက်ရှိရာ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာတော့ လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင် ဖြစ်ပွားရာ အခုဆို လူ ၅၀ကျော် ကူးစက်ခံနေရပါတယ်။

ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ ဖားဆောင်းမြို့နယ်အတွင်း ပိုးတွေ့လူနာ ၉၇ ဦးရှိပြီး ၆ ဦးကို ဖားဆောင်းမြို့နယ်ဆေးရုံ၊ ၉ ဦးကို လိုခါးလိုတိုက်နယ်ဆေးရုံနဲ့ ၄၂ ဦးကို လိုခါးလို အထက  Positive Medical Centre မှာ ထားရှိကုသပေးနေတယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ တလအတွင်း ကိုဗစ်တည်ပြုလူနာ ၅၂၈ ဦးနဲ့ သေဆုံးသူ ၁၈ ဦး ရှိလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013