DVB Logo
Home
မြန်မာသတင်း
မန္တလေး မြတောင်ကျောင်းတိုက်ကို စစ်တပ်ကဝင်စီး၊ သံဃာ ၂ ပါးနှင့် လူငယ် ၁ ဦးအား ဖမ်းဆီး
DVB
·
July 29, 2021
မန္တလေး မြတောင်ကျောင်းတိုက်ကို စစ်တပ်ကဝင်စီး၊ သံဃာ ၂ ပါးနှင့် လူငယ် ၁ ဦးအား ဖမ်းဆီး
Donate to DVB

မန္တလေးမြို့ရှိ  မြတောင်ကျောင်းတိုက်ကို  စစ်တပ်က  ဇူလိုင် ၂၉ ရက် ဒီနေ့ညနေ ၅ နာရီကျော်လောက်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး  သံဃာတော် ၂ ပါးနဲ့ လူငယ် ၁ ဦးကို ဖမ်းဆီးသွားပါတယ်။

သပိတ်ခေါင်းဆောင်တဦးက "စစ်ကောင်စီက သူတို့အာဏာမြဲဖို့ ဘုန်းကြီးကျောင်းတောင် မရှောင်ခဲ့ဘူး။ ဘုန်းကြီးတွေကိုလည်း တော်လှန်ရေးကာလတလျှောက်လုံး ဒုက္ခပေးလာတယ်။ ဒီကိစ္စအပေါ်လုံးဝမကျေနပ်ဘူး။ ကျနော်တို့တွေ အားလုံး စစ်ကောင်စီမပြုတ်ကျမချင်း မြေပေါ်​ မြေအောက်လှုပ်ရှားမှုတွေ လုံးဝရပ်မသွားဘူး'' လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်ဝတ်တွေဟာ မြတောင်ကျောင်းတိုက်မှာ ညပိုင်းအထိ ပိုက်စိပ်တိုက်ရှာဖွေနေတာကြောင့် ပတ်ဝန်းကျင်ကပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ကျန်းမာရေးမကောင်းလို့  ဆေးရုံတက်ဖို့သွားတဲ့ ကျောင်းထိုင်ဆရာတော်လည်း ကျောင်းတိုက်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတယ်လို့ သတင်းကြားတာကြောင့် အထိတ်တလန့်ဖြစ်ပြီး ဆေးရုံသွားတဲ့ကားပေါ်မှာ ပျံလွန်တော်မူသွားတယ်လို့ သတင်းထွက်ပေါ် နေပါတယ်။

မန္တလေးမြို့ရှိ  မြတောင်ကျောင်းတိုက်က သံဃာတော်တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ နေ့စဉ်ပြုလုပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013