ခန္တီးမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
July 29, 2021

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်စစ်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင် ဇူလိုင် ၂၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဆွေမျိုးတော်စပ်သူတစ်ဦးက “အခုနေ့လယ် ၁နာရီ ရုတ်တရက်ကြီး ဖြစ်သွားတယ်၊ ဆေးရုံသွားတယ်၊ ဆေးရုံတောင်မရောက်ဘူး လမ်းမှာသေဆုံးသွားတယ်။ အဲဒါနဲ့ ကိုဗစ် ပိုးရှိမရှိ စစ်ဆေးတယ်၊ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။
ခန္တီးမြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သလို လက်ရှိ အာဏာသိမ်းစစ်ကာင်စီလက်အောက်မှာ လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။