DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို စစ်ကောင်စီထိန်းချုပ်၊ ထောက်ခံစာပါမှ အောက်ဆီဂျင်ရမည်
DVB
·
July 29, 2021
ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို စစ်ကောင်စီထိန်းချုပ်၊ ထောက်ခံစာပါမှ အောက်ဆီဂျင်ရမည်
Donate to DVB

ရန်ကုန်က ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံတွေကို  အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်လိုက်ပြီး ပြည်သူတွေ တန်းစီထုတ်ယူခွင့်မရှိတော့တဲ့အတွက် နောက်ရက်တွေမှာ အောက်ဆီဂျင်ပြဿနာပိုဆိုးလာမယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ရန်ကုန်စက်မှုဇုန်တွေမှာရှိတဲ့  ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကို ဇူလိုင် ၂၈ရက်နေ့မှာ စစ်ကောင်စီက  ထိန်းချုပ်လိုက်ပြီး အောင်ဆီဂျင် အရေးပေါ်လိုအပ်နေတဲ့ သာမန်ပြည်သူတွေ တန်းစီထုတ်ယူခွင့်မရတော့ဘူးလို့ အကူအညီပေးနေတဲ့ပရဟိတအသင်းတွေကပြောပါတယ်။

အောက်ဆီဂျင်ကျ အသက်ရှူမရလို့ သေလုမြောပါးဖြစ်နေတဲ့ ကိုဗစ်လူနာတွေဟာ စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးရုံးတွေထံအရင်သွားရောက် ထောက်ခံစာ တောင်းခံရမှာဖြစ်ပြီး ထောက်ခံစာရမှ အောက်စီဂျင်ခွဲတမ်းရမယ့်အခြေအနေဖြစ်လာတဲ့အတွက် အရေးပေါ်လိုအပ်တဲ့ပြည်သူတွေအတွက် ကြီးမားတဲ့အခက်အခဲဖြစ်လာမယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။

အရင်ရက်တွေတုန်းက ပရဟိတအသင်းတွေက လူနာတွေကိုယ်စားတန်းစီ အောက်စီဂျင်ထုတ်ယူပြီး လိုအပ်သူတွေကို ပြန်ဖြန့်ဝေပေးခဲ့တာပါ။

စစ်ကောင်စီက အခု သတ်မှတ်တဲ့ပုံစံအတိုင်းဆိုရင် ပရဟိတအသင်းတွေဟာ အရင်လိုအကူအညီပေးဖို့အခက်အခဲရှိနေကြပါတယ်။  စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခုလို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အတွက် ဘက်လိုက်တာတွေ လာဘ်စားတာတွေ မသမာမှုတွေရှိလာလိမ့်မယ်လို့လည်း ပရဟိတသမားတချို့က ဝေဖန်ပါတယ်။

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ကတော့ မြန်မာပြည်သူတွေရဲ့အောက်စီဂျင်လိုအပ်ချက်ကို တတ်နိုင်သလောက်ကူညီပေးဖို့ ပြင်ဆင်နေပြီး ပြည်သူတွေရဲ့လိုအပ်ချက်ကို အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်းနဲ့  စစ်ကောင်စီက ကန့်သတ်လို့မရနိုင်ဘူးလို့  ကောင်စီ အတွင်းရေးမှူးချုပ်  အလ်ဟာ့ဂျ်ဦးတင်မောင်သန်းက ပြောပါတယ်။

အောက်ဆီဂျင်ထုတ်နိုင်တဲ့ အစိုးရစက်ရုံတွေကို စစ်ကောင်စီက ဇူလိုင် ၁၁ ရက်နေ့မှာ ပြည်သူတွေကို မရောင်းဖို့ကန့်သတ်ခဲ့တာကြောင့် အောက်ဆီဂျင် အရေး ပေါ်လိုအပ်နေတဲ့ပြည်သူတွေဟာ ရန်ကုန်စက်မှုဇုန်တွေက အောက်စီဂျင်စက်ရုံတွေမှာ အချိန်အကြာကြီးစောင့်ဆိုင်းပြီး ခက်ခက်ခဲခဲတန်းစီဝယ်ယူခဲ့ရပါတယ်။

စစ်ကောင်စီကတော့ အစိုးရဆေးရုံတွေနဲ့  စင်တာတွေမှာ အသုံးပြုဖို့ မလုံလောက်တဲ့အတွက် အရောင်းကန့်သတ်တာလို့အကြောင်းပြခဲ့ပါတယ်။ ဇူလိုင် ၂၈ရက်နေ့မှာတော့ ပုဂ္ဂလိက အောက်ဆီ ဂျင်စက်ရုံတွေကိုပါ စစ်ကောင်စီကကန့်သတ်လိုက်လို့ ပြည်သူတွေ အခက်ကြုံနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013