DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဟု လွှတ်တော်ကော်မတီဥက္ကဋ္ဌပြော
DVB
·
December 6, 2013
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဟု လွှတ်တော်ကော်မတီဥက္ကဋ္ဌပြော
Donate to DVB

လာမယ့်  ၂၀၁၅ မှာ တက်လာမယ့် သမ္မတ လက်ထက်ကျရင် ရပ်နားထားတဲ့  မြစ်ဆုံစီမံကိန်းကို နည်းလမ်းရှာပြီး ပြန်လုပ်လို့ရကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌက တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ပြောကြားလိုက်ပါတယ်။

Myint Sone 1ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်တွေ နေပြည်တော်လွှတ်တော်ရေးရာ ကော်မတီရုံးခန်းကို လာရောက်စဉ် ပြောလိုက်တာလို့ တွေ့ဆုံပွဲတက်ရောက်ရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

“ယခု သမ္မတက ရပ်ဆိုင်းထားတယ်။ သမ္မတ  သက်တမ်းပြီးတာနဲ့ နောင် ၂၀၁၅ တက်လာမယ့် သမ္မတနဲ့ ညှိနှိုင်းတိုင်ပင် နည်းလမ်းရှာပြီးရင် ပြန်လည် ဆောင်ရွက်လို့ရတယ်လို့ ပြောလိုက်တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကော်မတီရဲ့ သဘောထားလည်း မဟုတ်ဘူးဗျ။ ကော်မတီအဖွဲ့ဝင်တွေကိုလည်း ကြိုပြီးဆွေးနွေးထားတာလည်း မရှိဘူးဗျ။ ”

တရုတ်ဘက်က မြစ်ဆုံကိစ္စ ဆွေးနွေးပြောဆိုတာမရှိဘဲ  ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီက ပြောတာလို့ ဆိုပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့  တွေ့ဆုံပွဲကို  မြန်မာဘက်က ပြည်သူ့လွှတ်တော်သယံဇာတ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီနဲ့ ကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမင်းသူ၊ ဦးသိန်းရီ၊ ဦးသန်းနွယ်၊ ဦးစိုင်းထွန်းအေးနဲ့ ဦးရဲထွဋ်ဦးတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံမှာ ရေကာတွေတည်ဆောင်ပြီး ရေအားလျှပ်စစ် ထုတ်ယူမယ့် စီမံကိန်းကို ပြည်သူတွေနဲ့ ပညာရှင်တွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက် စီမံကိန်းကို ရပ်ဆိုင်ထားမယ့်အကြောင်း  ၂၀၁၁ ခုနှစ်ကတည်းက လွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ အကြောင်းကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013