DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် မြို့မရဲစခန်းတွင် အချုပ်သား ၁၂ ဦးပိုးတွေ့၊ ရဲတပ်သား ၁ ဦးသေဆုံး
DVB
·
July 28, 2021
ဝိုင်းမော် မြို့မရဲစခန်းတွင် အချုပ်သား ၁၂ ဦးပိုးတွေ့၊ ရဲတပ်သား ၁ ဦးသေဆုံး
1 / 7
Donate to DVB

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဇူလိုင် ၂၇ ရက်နေ့ ဆေးစစ်ချက်အရ ပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း ၂၆ ယောက်ရှိခဲ့ရာ မြို့မရဲစခန်းအချုပ်မှ အချုပ်သား ၁၂ ယောက်အထိ ပါ၀င်ခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေထံကနေ သိရပါတယ်။

ကျန်းမာရေးစစ်ဆေးမှု ၅၁ ခုပြုလုပ်ရာမှာ စုစုပေါင်း ပိုးတွေ့ရှိသူ ၂၆ ယောက်ရှိခဲ့ပြီး မြို့မရဲစခန်းမှ အချုပ်သား ၁၂ အထိပါ၀င်နေကာ ၎င်းတို့ကို မြစ်ကြီးနားဆေးရုံကြီး အချုပ်လူနာဆောင်သို့ လွှဲပြောင်း ကုသပေးလိုက်ရတယ်လို့ တာ၀န်ရှိသူတွေထံက သိရပါတယ်။ 

ယင်းနေ့မှာပင် မြို့မရဲစခန်းမှ အသည်းရောဂါအခံရှိသော ကိုဗစ်ပိုးတွေ့အတည်ပြု ရဲတပ်ဖွဲ့၀င် တစ်ဦးထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးလူနာကို သဂြိုလ်ကာ ရဲစခန်းတွင်းနဲ့ အချုပ်ခန်း‌တွေကို ပိုးသတ်ဆေးပက်ဖြန်းပေးခဲ့ရတယ်လို့ မွန်မြတ်စေတနာ ပရဟိတ အဖွဲ့ထံမှသိရပါတယ်။

ကိုဗစ်တတိယလိုင်းအတွင်း ဝိုင်းမော်မြို့မှာ ဇူလိုင် ၂၇  ရက်အထိ ပိုးတွေ့အတည်ပြုလူနာ ၃၈၇ ဦးအထိရှိလာခဲ့ပြီဖြစ်ကာ သေဆုံးလူနာစုစုပေါင်း ၁၀ ဦးရှိခဲ့ရာမှာ ရဲစခန်းမှ ၂ ဦးအထိ ပါ၀င်နေတာဖြစ်ပါတယ်။ လက်ရှိမှာလဲ ရဲရိပ်သာ မှာ ပိုးတွေ့လူနာ ၃ ဦးကျန်းရှိနေသေးတယ်လို့ စခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013