DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀ ကျော်ထိရှိလာ
DVB
·
July 28, 2021
ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀ ကျော်ထိရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဇွန်လ ၁၁ ရက်နေ့ကစပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ တတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူ သုံးရာကျော်ရှိသွားပြီလို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ပိုးတွေ့ဆက်စပ်သူတွေနဲ့ ကိုဗစ်-၁၉ သံသယလက္ခဏာသတင်းပေးပို့သူတွေကိုသာ စစ်ဆေး အတည်ပြုထားတာဖြစ်လို့ အခြားအတည်ပြုလို့မရတဲ့ ရောဂါဝေဒနာရှင်တွေလည်း ရှိနိုင်တာ ကြောင့် ကိုဗစ်-၁၉ စည်ကမ်းနဲ့အညီ နေထိုင်သွားလာကြဖို့ကိုလည်း ကော်မတီက တိုက်တွန်း ထားတာ ဖြစ်ပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ COVID-19 အတည်ပြုလူနာ ၃၁၃ ဦးရှိခဲ့ပြီး၊ သက်သာ ပျောက်ကင်းခဲ့သူ ၁၇၀ ဦးရှိကာ၊ သေဆုံးသူ ၁၇ ဦးရှိပြီး လတ်တလော ကုသဆဲလူနာ ၁၂၆ ဦး ရှိတယ်လို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဆီက သိရပါတယ်။

Photo- ဇူလိုင်လ ၂၅ ရက်နေ့က ဝက်လက်မြို့မြင်ကွင်း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013