DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြမှုများကြောင့် အကျဉ်းကျ မြန်မာနိုင်ငံသားများ ပြန်လွတ်ရေး နှောင့်နှေး
DVB
·
December 6, 2013
ထိုင်းဆန္ဒပြမှုများကြောင့် အကျဉ်းကျ မြန်မာနိုင်ငံသားများ ပြန်လွတ်ရေး နှောင့်နှေး
1 / 2
Donate to DVB

ထိုင်းနိုင်ငံရေး အခြေအနေမတည်ငြိမ်မှုတွေကြောင့် ထိုင်းအကျဉ်းထောင်တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လွတ်လာဖို့ နှောက်နှေးစေတယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရတဲ့အထိ ဆန္ဒပြမှုတွေနဲ့ နှစ်ဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေ ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။  ပုံမှန်ဆိုရင် ထိုင်းဘုရင်မွေးနေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသားခွင့်နဲ့ လွှတ်ပေးလေ့ရှိပါတယ်။

[caption id="attachment_47777" align="alignright" width="300"]မြန်မာသံအမတ်ကြီး ဦးဝင်းတင် မြန်မာသံအမတ်ကြီး ဦးတင်ဝင်း[/caption]

ဒါပေမယ့် ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ထိုင်းအကျဉ်းထောင်တွေမှာ အကျဉ်းခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လွတ်လာဖို့ နောက်နှေးစေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် သံရုံးကနေပြီး မြန်မာနိုင်ငံသား အကျဉ်းသား ၈၅၀ ကျော်ကို တသက်တကျွန်းနဲ့ အခြား နှစ်ရှည်ထောင်ဒဏ်တွေကနေ သက်သာလျှော့ပေါ့အောင် တောင်းဆိုထားတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်တွေထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ စာရေးပါတယ်။ တဦးချင်းဖြစ်၊ အဖွဲ့လိုက်ဖြစ်စေ သံအမတ်ကြီးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေဆီရေးပါတယ်။ သူတို့ ရေးသားချက်အရ ပြစ်မှုနဲ့ပြစ်ဒဏ်မှာ ၉၅ ရာခိုင်နှုန်းလောက်က သူတို့ မူးယစ်ဆေးဝါး မှုတွေနဲ့ အကျဉ်းကျနေတာ ဖြစ်တယ်။ ပြစ်ဒဏ်တွေက နှစ် ၂၀၊ ၃၀၊ ၄၀၊ တချို့လည်း တသက်တကျွန်းကျတာတွေ ရှိတယ်။ ဒါတွေအပေါ်မှာ ဘုရင်ကြီးရဲ့မွေးနေ့၊ ဘုရင်မကြီးရဲ့ မွေးနေ့တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်ရအောင်၊ သက်သာခွင့်ရအောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ လွတ်ငြိမ်းခွင့်နဲ့ သက်သာခွင့်ရအောင် ကျနော်တို့ ထိုင်းအာဏာပိုင်တွေဆီ စာပို့ထားတာ ၈၅၈ ဦး ရှိသွားပါပြီ။”

အကျဉ်းထောင်တွေအတွင်း အကျဉ်းချခံနေရတဲ့ မြန်မာပြည်သားဦးရေဟာ တရားဝင်စာရင်းတွေ အရ အကျဉ်းသား ၄၀၀၀ လောက်ရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ဆန္ဒပြမှုတွေကြောင့် မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို ဝင်လာမယ့် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ နှောင့်နှေးနေရပြီး ထိုင်းနိုင်ငံကို အလည်အပတ်လာမယ့် မြန်မာတွေလည်း နည်းလာတယ်လို့ ထိုင်းတာ့ခ်ရိုင်  ကုန်သည်ကြီးများ အသင်း အထွေထွေ အတွင်းရေးမှူး က ပြောပါတယ်။

myanmar prisoner in thaiထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ  ထိုင်းဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာပါ။ ဘုရင်ကြီးမွေးနေ့မှာ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားပေမယ့် ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာမယ့် အရိပ်အရောင်တွေ ရှိနေဆဲပါ။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး  နိုင်ငံတခုလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013