DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့တွင် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီးသေဆုံး
DVB
·
July 27, 2021
ခန္တီးမြို့တွင် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အချုပ်သား တစ်ယောက် ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ ခန္တီးပြည်သူ့ဆေးရုံမှာ  သေဆုံးသွားတယ်လို့  ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားတဲ့ အချုပ်သားဟာ အသက် ၂၇ နှစ်အရွယ်  မောင်ဖြူဖြစ်ပြီး ဟုမ္မလင်းမြို့နယ် နောင်ပင်ရွာကလို့ သိရပါတယ်။ 

အချုပ်သားဟာ မနေ့က ခန္တီးပြည်သူ့ဆေးရုံမှ တက်ရောက် ဆေးကုသမှုခံယူခဲ့သူဖြစ်ပြီး အောက်ဆီဂျင်ပေး ကုသရင်း ဒီမနက်မှာ သေဆုံးသွားတာလို့   ဆေးရုံတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတဲ့ အချုပ်သားကို အစောပိုင်းကတည်းက သီးသန့်ထားထားတာဖြစ်ပြီး နေမကောင်းဖြစ်လို့ မနေ့က စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ ကျန်တဲ့အချုပ်သားတွေကိုလည်း ကိုဗစ်ပိုးရှိမရှိဆေးသွားမယ်လို့  ခန္တီးမြို့မရဲစခန်း ရဲတပ်သားတစ်ဦးက ပြောပါတယ်။

ခန္တီးမြို့မရဲစခန်း အချုပ်ခန်းမှာ အချုပ်သား ၁၀၀ ကျော်ရှိပြီး အချုပ်ခန်းဟာ သတ်မှတ်ထား တဲ့လူဦးရေထက်ကျော်လွန်နေတယ်လို့ သိရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013