DVB Logo
Home
Lead Story
အိန္ဒိယရဲ့ ပထမဆုံး အမျိုးသမီးဘဏ်
DVB
·
December 6, 2013
အိန္ဒိယရဲ့ ပထမဆုံး အမျိုးသမီးဘဏ်
Donate to DVB

အိန္ဒိယက အမျိုးသမီးတွေအတွက် နိုင်ငံရဲ့ ပထမဆုံးဘဏ်ကို ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီဘဏ်မှာ တနိုင်ငံလုံးမှာ ဘဏ်ခွဲတွေ ထားရှိမှာ ဖြစ်ပြီး အဓိကအားဖြင့် အမျိုးသမီးဝန်ထမ်းတွေကိုပဲ ခန့်ထားပြီး အမျိုးသမီးတွေကို ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းမှာ တခမ်းတနား ကျင်းပခဲ့တဲ့ ဘာယာတိရ မဟီလဘဏ် ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

[caption id="attachment_47773" align="alignright" width="300"]Photo by www.indianexpress.com Photo by www.indianexpress.com[/caption]

အစိုးရက နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဘဏ်ကို ဖွင့်လှစ်ဖို့ အင်ဒီယာဂန္ဒီရဲ့ နှစ်ပတ်လည် မွေးနေ့ကို ရွေးချယ်ခဲ့ပါတယ်။ အင်ဒီယာဂန္ဒီဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် မာမိုဟန်ဆင်းက “ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အခွင့်အရေးနည်းပါးတဲ့ကဏ္ဍတွေက အမျိုးသမီးတွေကို အထူးသဖြင့် အကျိုးရှိစေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီဘဏ်ကို အမျိုးသမီး အများစုက တာဝန်ယူဆောင်ရွက် ၀န်ဆောင်မှုပေးမှာဆိုတဲ့အချက်က အမျိုးသမီးတွေဟာ စိန်ခေါ်မှု အခက်အခဲများစွာကို ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်း ရှိတယ် ဆိုတဲ့ အခွင့်အလမ်း ပေးအပ်မှု နမူနာ တခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီအမျိုးသမီးဘဏ် ဖြစ်လာဖို့ အတွေးစိတ်ကူးကတော့ မနှစ်က ဒီဇင်ဘာလမှာ နယူးဒေလီမြို့မှာ အသက်၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တဲ့ အပေါ် ပြည်သူ့လူထုရဲ့ ကြီးမားတဲ့ ဒေါသထွက် ကန့်ကွက်မှုတွေကို တုံ့ပြန်ဆောင်ရွက်မှု အဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ပီချီဒမ်ဘာရမ်က အမျိုးသမီး သီးသန့်ဘဏ် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ၂၆ ရာခိုင်နှုန်း ပဲ ဘဏ်ငွေစာရင်း ရှိကြတာပါ။ နောက်တခုက လူထုဘဏ် ၄ ခုနဲ့ ပုဂ္ဂလိကဘဏ်အတော်များများမှာ ဘဏ်အကြီးအကဲက အမျိုးသမီးတယောက်ပါ။ မြင်သာထင်ရှားတဲ့ ကောက်ချက်ကတော့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိပေမယ့် အဖွဲအစည်းဆိုင်ရာနဲ့ လူပုဂ္ဂိုလ်တဦးချင်းဆိုင်ရာတွေမှာ နက်နက် ရှိုင်းရှိုင်း ရှိနေတဲ့ အမျိုးသမီးဆန့်ကျင်ရေး ဘက်လိုက်မှုတခု ရှိနေတယ်ဆိုတာပါပဲ။ အမျိုးသမီးတွေအနေနဲ့ တဦးချင်းစီရဲ့ ဘဏ်ငွေစာရင်းရှိမှုအရ အမျိုးသားတွေထက် ၈၀ ရာခိုင်နှုန်း နိမ့်ကျနေတဲ့အတွက် အမျိုးသမီးအများစုကို ၀န်ဆောင်မှုပေးတဲ့ ဘဏ်တခု လိုအပ်ရတဲ့အကြောင်းပါပဲ။

စူရှမာလို ဘဏ်ဝန်ထမ်းတွေကတော့ သူတို့ရဲ့ အလုပ်အသစ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှား
နေကြပါတယ်။

“ကျမတို့က အမျိုးသမီးတွေအတွက် သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ သီးခြားလိုအပ်ချက်ကို ဆောင်ရွက်ပေးဖို့ အထူးအစီအစဉ်တွေ ပေးမှာပါ။ အမျိုးသမီးတွေဟာ စာရင်းလက်ကျန် သုည နဲ့ ငွေစာရင်း ဖွင့်နိုင်မှာပါ။ သူတို့ဟာ ဘဏ်က သူတို့ကို ပေးမယ့် လိုက်လျောမှုတွေကိုလည်း  အကျိုးကျေးဇူး ခံစားကြရမှာပါ။ အများကြီး ရှိပါသေးတယ်။ အတွေ့အကြုံကို အမျိုးသမီးတွေ ပျော်ရွှင်မှု ရကြမယ်လို့ ပြောနိုင်ပါတယ်။”

စီးပွားရေးပညာရှင် မစ်သီလီ ဘူမနမ်မတ်က “ကျေးလက်ဒေသတွေမှာဆို အမျိုးသမီးအတော်များများက ယောက်ျားတွေချည်းပဲ ခန့်ထားတဲ့ ဘဏ်တခုကို သွားဖို့ တွန့်ဆုတ်ကြပါတယ်။ သူတို့ကတော့ နည်းနည်း ပိုလွတ်လပ်တယ်လို့ ခံစားရနိုင်တာပေါ့လေ။ ဒါပေမယ့် ကျမကတော့ လူထုဘဏ်တွေရဲ့ အမျိုးသမီးဘဏ်ခွဲအားလုံးမှာလည်း အမျိုးသမီးတွေနဲ့ချည်း လုပ်လို့ ရနိုင်မယ် ထင်ပါတယ်။ ဒီတော့ အစိုးရရဲ့ ကြီးမားတဲ့ တန်းတူရည်တူထားမှုကို ပညာသင် ထောက်ပံ့ကြေး၊ ပညာရေး ဒါမှမဟုတ် ကျမတို့အတွက် အကြီးမားဆုံးပြဿနာတခုဖြစ်တဲ့ ရေအိမ်တွေလို နေရာမျိုးတွေမှာ  အမျိုးသမီးတွေရဲ့ဆောင်ရွက်နိုင်မှု အခွင့်အာဏာအတွက် အသုံးချနိုင်ရင် ကောင်းမှာပဲ” လို့ ပြောပါတယ်။

အမျိုးသမီးဘဏ်ဟာ မြို့ကြီးပြကြီးတွေအားလုံးမှာ ဘဏ်ခွဲ ၆ ခု ရှိ ပါတယ်။

အစိုးရက တနိုင်ငံလုံးမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ အစီအစဉ်တွေ ရှိသလို  ဘဏ်အနည်းအပါးကို နိုင်ငံခြားမှာ ဖွင့်ဖို့တောင် အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့် အချိန်ကတော့ ကြာနိုင်ပါတယ်။

အိန္ဒိယ အပတ်စဉ်ထုတ် စီးပွားရေး သတင်းမဂ္ဂဇင်းရဲ့ အယ်ဒီတာ မာနိုဟာ မာနော့က “အခု ဘဏ်ရဲ့ဦးတည်ချက်တွေကို အောင်မြင်ရယူဖို့ ဘယ်လောက် ရိုးရိုးသားသား နဲ့ လေးလေးနက်နက် လုပ်ကြမလဲ ဆိုတဲ့အပ်ါမှာ မူတည်နေသလို အဲဒါရဲ့ အောင်မြင်မှုဟာ အများဆုံး လိုအပ်နေတဲ့နေရာဖြစ်တဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေအထိ ဘယ်လောက် မြန်မြန်ဆန်ဆန် ရောက်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်” လို့ ပြောပါတယ်။

ဘစ်စ်မီလာ ဂီလာနီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ နယူးဒေလီက သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013