DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်က ရေဘေးသင့် ပြည်သူ ၂၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေ
DVB
·
July 27, 2021
ရေးမြို့နယ်က ရေဘေးသင့် ပြည်သူ ၂၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေ
1 / 9
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့မှာ မြစ်ရေကြီးနေပြီး  ဇူလိုင် ၂၇ ရက် ဒီနေ့မနက်  ရေတွေ တဖြည်းဖြည်းပဲ ကျဆင်းနေလို့  ယာယီရွှေ့ပြောင်းကြတဲ့ ရေဘေးသင့် ပြည်သူတွေ နေအိမ်တွေကို မပြန်ရရှိသေးဘဲ ယာယီကယ်ဆယ်ရေးစခန်းမှာ ဆက်လက် ခိုလှုံနေရပါတယ်။

“မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းက လူနေအိမ်တွေမှာ  ရေက ၄ ပေ ၅ ပေ လောက်အထိ တက်လာတယ်။ အခု ဒီမနက်မှ မိုးက ရွာတာ နားတော့ ရေလည်း တဖြည်းဖြည်း ပြန်ကျပေမယ့် ပင်လယ် ဒီရေတက်ချိန်နဲ့ဆို ရေက ပြန်တက်လာမှာကို စိုးရိမ်ရတာကြောင့်  ရေနစ်မြုပ်တဲ့ နေအိမ်တွေကို မပြန်နိုင်သေးဘူး” လို့   ရေဘေးသင့် ပြည်သူတဦးက ပြောပါတယ်။

အနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေမှာ နေတဲ့ ပြည်သူအများစုကတော့ နီးစပ်ရာ ရေလွတ်တဲ့နေအိမ် တွေမှာ လိုက်ပြီး နေရပါတယ်။

ယာယီကယ် ဆယ်ရေးစခန်းမှာတော့  အိမ်ထောင်စု ၅၄ စုမှ  ရေဘေးသင့် ပြည်သူ ၂၁၇ ဦးရှိပြီး အများစုဟာ ရွှေ့ပြောင်း လုပ်သားဖြစ်ပါတယ်။

ရေးဘေးသင့်သူတွေအတွက် လိုအပ်တဲ့ အကူညီတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးထားပါတယ်။

ရေးမြို့ ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအပြင် အနိမ့်ပိုင်းက လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ အချိန်မီ ရွှေ့ပြောင်းထားနိုင်လို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013