Home
သတင်းဓာတ်ပုံ
ကျိုက်မရောမြို့နယ်တွင် ရေကြီးနေ၊ ဒေသခံအချို့ ရွှေ့ပြောင်း
DVB
·
July 26, 2021
214664207_1663178920679703_4809801452876946580_n
222683245_1663179320679663_5379465415292695751_n
221692082_1663179154013013_612688160858630175_n
220983461_1663179397346322_8920305284155746421_n
219960142_1663178774013051_1267469633195563947_n
219751571_1663179087346353_4467855494209687930_n
218396741_1663178824013046_6865012189087493400_n
218123343_1663178860679709_4670302563047374028_n
218083536_1663179364012992_2761647836881238399_n
217604130_1663179197346342_3521058714597582930_n
215772425_1663178970679698_7766608401170513905_n
215085482_1663179277346334_6612795730704628414_n

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဇူလိုင် ၂၆ ရက် ဒီနေ့ မနက်ပိုင်းကတည်းက မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက် ရေကြီးရေလျှံမှုတွေ စတင်ဖြစ်နေတယ်လို့ ဒေသခံတွေ  ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်မရောမြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေ ဖြစ်တဲ့ ဦးလေး၊ ငါးဗြေမနဲ့ ကွမ်ငန်း၊ မယ်ကရိုကျေးရွာတွေ အပါအဝင် ကျေးရွာ အများစုမှာ ရေကြီးရေလျှံနေလို့ ဒေသခံတွေ ရေဘေး ဒုက္ခနဲ့ တွေ့ကြုံနေရတာပါ။ 

အခုအခါ ကျေးရွာတချို့မှာ ရေ ၆ ပေလောက်ထိ ဆက်တိုက်မြင့်လာပြီး၊ မြေနိမ့်ပိုင်းက နေအိမ်အချို့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။

ကျိုက်မရောမြို့နယ်ရဲ့ ရေကြီးမှုကို စောင့်ကြည့်ပြီး ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရေကြီးခဲ့လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့သလို ပြည်သူ ၂၀၀၀၀ ကျော် ရေဘေးသင်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024