DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့် ကပ်ဘေးကြောင့် Miss Supranational ပြိုင်ပွဲတွင် မြန်မာအလှမယ် မပါဝင်နိုင်
DVB
·
July 25, 2021
နိုင်ငံရေးနှင့် ကပ်ဘေးကြောင့် Miss Supranational ပြိုင်ပွဲတွင် မြန်မာအလှမယ် မပါဝင်နိုင်
Donate to DVB

လတ်တလော စစ်အာဏာသိမ်းမှုတွေ၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေနဲ့ ရင်ဆိုင်နေ ရတာကြောင့် ၂၀၂၁ ခုနှစ် Miss Supranational အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်တော့ဘူးလို့ Missosology Myanmar က ထုတ်ပြန်ပါတယ်။

Miss Supranational အလှမယ်ပြိုင်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပိုလန်နိုင်ငံမှာ စတင်ကျင်းပလာခဲ့တာဖြစ်ပြီး မနှစ်က ၂၀၂၀ ပြည့်နှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ပိုလန်အခြေစိုက် Miss Supranational Beauty Pageant ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်ကစတင်ကာ ဆက်တိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတွေလည်း ရရှိခဲ့ကြဖူးပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ခင်ဝင့်ဝါကို စေလွှတ်ခဲ့ပြီး သူဟာ နိုင်ငံတကာအလှမယ်တွေကြား Top 20 အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကာ Miss Internet award ၊ Face of Miss Supranational by Missosology & People Choice award ၊ Most Beautiful Woman in the world by Belarus website ၊ Miss Grand Slam Popularity ၊ 3rd of Miss Grand Slam by Global Beauties စတဲ့ ဆုတွေ ရရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ အလှမယ် ဟန်တီက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 အဆင့်ထိ ရောက်ရှိခဲ့ကာ Miss Asia & Oceania winner ၊ Miss Internet award ၊ Beauty Concept by most beautiful girl Top 5 ဆုတွေ ရရှိခဲ့တာပါ။

ကချင်အလှမယ် L ဘောက်နူးကတော့ ၂၀၁၅ ခုနှစ်မှာ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 20  အဆင့်ထိ ပါဝင်ခဲ့ကာ Miss Internet award ၊ Best Evening Gown winner award ၊ Best Interview Top 3 ဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ မြန်မာအလှမယ် ဆွေဇင်ထက်က Top 10 အဆင့်ထိ ပါဝင်ခဲ့ ပြီး Miss Personality award ၊ Miss Grand Slam Top 50 by Global Beauties ဆုတွေ ရရှိထားပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် ရွှေမှူးဟန်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ရွှေအိမ်စည်နဲ့ ၂၀၁၉ ခုနှစ်မှာတော့ အလှမယ် အိမ့်မြတ်ချယ်တို့က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးရှိ လာနေခဲ့ပြီး ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ၊ သေဆုံးမှုတွေလည်း မြင့်တက်လာနေခဲ့တာမို့ အခုနှစ်ရဲ့ Miss Supranational အလှမယ်ပြိုင်ပွဲကို စေလွှတ်နိုင်ခြင်း မရှိတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013