DVB Logo
Home
မြန်မာသတင်း
ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော် မိသားစုနှင့် တွေ့ခွင့်မရ
DVB
·
July 25, 2021
ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကျော် မိသားစုနှင့် တွေ့ခွင့်မရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

မတရားဖမ်းဆီးခံရသူတွေကို အကူအညီပေးနေတဲ့ ရှေ့နေတစ်ဦးက “စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူမှန်သမျှ ပြင်ပတရားရုံးမှာ တရားစီရင်တာမဟုတ်ဘဲ ထောင်အတွင်းက ယာယီတရားရုံးမှာတရားစီရင်နေတာပါ။ အမိန့်ချပြီးသူရော၊ အမှုရင်ဆိုင်နေရသူတွေပါ အခုအချိန်အထိ မိသားစုနဲ့တိုက်ရိုက်တွေ့ဆုံခွင့်မပေးပါဘူး။ ကျနော်တို့က တဆင့် ပြောကြရဆိုကြရတာပါ။ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည် အချို့ကိုတော့ ပေးခွင့်ပြုထားတာတွေ့ရတယ်” လို့ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်အတွင်းမှာ အဓိကကျတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက်ကိုသာ သီးသန့်ဆောင်မှာထားပြီး ဝက်လက်၊‌ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ စစ်ကိုင်း စတဲ့မြို့နယ်တွေက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံရသူတွေကိုတော့ အခြားအကျဉ်းသားတွေနဲ့ ရောထွေးထားတယ်လို့ သိရပါတယ်။  

ရွှေဘိုအကျဉ်းထောင်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရတဲ့ အကျဉ်းသား ၂၅၀ ကျော်ရှိပြီး ၅၀၅-က နဲ့ ဖမ်းဆီးခံရသူက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွှေဘိုမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာနေတာကြောင့် ရှေ့နေတွေလည်းကို နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ရွှေဘိုအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013