DVB Logo
Home
မြန်မာသတင်း
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ဝင်ခွင့်ခေါ်သည့်အပေါ် ကျောင်းသားသမဂ္ဂရှုတ်ချ
DVB
·
July 24, 2021
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ဝင်ခွင့်ခေါ်သည့်အပေါ် ကျောင်းသားသမဂ္ဂရှုတ်ချ
Donate to DVB

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမနှစ်သင်တန်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူမှုအပေါ် အသိအမှတ်မပြု ရှုတ်ချကြောင်း ကျောင်းသားသမဂ္ဂက ကြေညာပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ဟာ အာဏာဖီ ဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ခြင်း မရှိတဲ့ စစ်ကောင်စီအမိန့်ကိုနာခံတဲ့ လောက်ကောင်ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေဟာ တရားမဝင် စစ်ကောင်စီပိုင်သတင်းစာကတဆင့် ပုန်းလျှိုးဝှက်လျှိုး ကြေညာထားတယ်လို့ သိရှိရကြောင်း  ကျောင်းသားသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားသမဂ္ဂအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ တက်ရောက်နေတဲ့ Non CDM ကျောင်းသားကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို လောက်ကောင်အဖြစ် သတ်မှတ်ပြီး အသိအမှတ်မပြုကြောင်း ကြေညာထားခဲ့ပြီး ခုတခါ ပထမနှစ်သင်တန်းတွေမှာ အသစ်အပ်နှံတက်ရောက်မယ့်သူတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး  အသိအမှတ်ပြုမှာမဟုတ်ကြောင်း ကြေညာထားတာပါ။

ဒါ့အပြင် အခုပထမနှစ်သင်တန်းမှာ တက်ရောက်မယ့်သူတွေရော၊ အကြမ်းဖက်စစ်ကောင်စီ လက်အောက် သင်တန်းတွေမှာ တက်ရောက်ကြမယ့် ဘယ်သူမဆို တရားမဝင် ရရှိမယ့် ဘွဲ့ဒီဂရီကို ဘယ်နယ်ပယ်မှာမှ အသိအမှတ်ပြုလို့မရအောင် ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာတော့ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှု အတတ်ပညာနဲ့ သတင်းအတတ်ပညာဘာသာရပ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013