DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့တွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦးတွေ့ရှိ
DVB
·
July 23, 2021
ခင်ဦးမြို့တွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇူလိုင် ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦးတွေ့ရှိတယ်လို့ ကြက်ခြေနီအသင်းကနေ သိရပါတယ်။

“ရပ်ကွက်နဲ့ကျေးရွာ ၁၄ ခုက လူထုကို Test kit နဲ့ စစ်ဆေးတာ ကိုဗစ်အတည်ပြု ၄၄ ဦးတွေ့တယ်။ ကိုဗစ်တတိယလှိုင်းမှာ အတည်ပြုလူနာ အများဆုံးတွေ့ခဲ့တာ”လို့ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ ကျေးရွာတွေကအများဆုံးဖြစ်နေပြီး၊ ကိုဗစ်စည်းကမ်းလိုက်နာဖို့ အထူးသဖြင့်လိုအပ်နေပြီလိုလည်း ဆိုပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို မြို့နယ်ဆေးရုံ Positive စင်တာ၊ ပေါင်းလည်းကုန်းကျေးရွာ Positive စင်တာ၊ အောင်ချမ်းသာ အလက(ခွဲ) Positive စင်တာ၊ စင်တာ ၃ ခုထား ကုသပေးနေပါတယ်။

ခင်ဦးမြို့နယ်မှာ ဇူလိုင် ၁ ရက်မှ ၂၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၆၉ ဦး၊ သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရသူ ၉၅ ဦးရှိကာ  သေဆုံးသူ ၃ ဦးနဲ့ လတ်တလောကုသပေးနေသူ ၁၇၁ ဦးရှိတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013