DVB Logo
Home
Lead Story
အိန္ဒိယရဲ့ ဂူးဂဲလ် ဘွိုင်းလ်
DVB
·
December 5, 2013
အိန္ဒိယရဲ့ ဂူးဂဲလ် ဘွိုင်းလ်
Donate to DVB

အသက် ၅ နှစ် အရွယ် အိန္ဒိယ ကလေးတယောက်ကို သူရဲ့ အချက်အလက်တွေကို သတိရနိုင်တဲ့ မယုံကြည်နိုင်လောက်တဲ့ အရည်အချင်းအတွက် ဒေသခံ မီဒီယာတွေက “ဂူးဂဲလ် ဘွိုင်လ်” ဆိုတဲ့ ဘွဲ့ထူးကို ပေးထားပါတယ်။

[caption id="attachment_47681" align="alignleft" width="300"]Photo by hackersnewsbulletin.com Photo by hackersnewsbulletin.com[/caption]

သူ့သူငယ်ချင်းတွေက အခြေခံအရေးနဲ့ အဖတ်တွေ သင်နေကြတဲ့ အသက်မှာ ကောတိရ ပန်ဒစ်က ကမ္ဘာ့ပထ၀ီဝင်၊ တဦးချင်း အသားတင်ဝင်ငွေ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးတွေနဲ့ ကမ္ဘာ့ နိုင်ငံရေးတွေနဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ခဲ့ပါတယ်။

ကောတိရရဲ့ နားလည်မှု ရှိဖို့ အသေးစိတ် အသေအချာ စစ်ဆေးနိုင်စွမ်းအားတွေက လူတိုင်းကို ညှို့ယူ ဖမ်းစားပြီး မှင်သက် ကျန်ရစ်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီကနေ မိုင် ၉၀ ဝေးတဲ့ ရွာကလေးမှာ ကောတိရ နေထိုင်ပါတယ်။ ကျောင်းရဲ့ မနက်ခင်း စုံညီစုဝေးမှုမှာ ကောတိရရဲ့ တင်ဆက်မှုက ကျန်တဲ့သူတွေထက် ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။

သူက ငယ်ရွယ်သူ ပရိသတ် ၀မ်းသာအားရ ဖြစ်သွားရအောင် ရှေးသက္ကတဘာသာ စာပေထဲက ခက်ခဲတဲ့ စာပိုဒ်တခုကို ချောချောမွေ့မွေ့ ရွတ်ဆို ပြနိုင်ခဲ့ပါတယ်။

ကောတိရကို သူ့အတန်းမှာ မေးခွန်းတချို့ မေးမြန်းခဲ့ပါတယ်။

အိန္ဒိယမှာ လူတွေ ဘယ်လောက် နေထိုင်ကြသလဲ။

"ဒီကနေ့ လူဦးရေက ၁ ဒဿမ ၂၇ ဘီလီယံပါ။ ဒါပေမယ့် ၂၀၁၁ ခုနှစ် သန်းကောင်စာရင်းမှာ ၁ ဒဿမ ၂၁ ဘီလီယံ ရှိခဲ့ပါတယ်။"

အိန္ဒိယ မှာ ကျေးရွာပေါင်း ဘယ်လောက် ရှိလဲ။

"၆၃၈၅၉၆”

လပေါ်မှာ ပထမဆုံး လမ်းလျှောက်ခဲ့တဲ့သူက ဘယ်သူပါလဲ။

“နေးလ် အမ်းစထရောင်း ပါ။"

အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်က ဘာလဲ။

"၀ါရှင်တန် ဒီစီ။"

ကျန်တဲ့ ကျနော်ရဲ့ ကမ္ဘာ့ အသေးအမွှား မေးခွန်းတွေကိုလည်း ကောတိရက အမှားအယွင်းမရှိ ဖြေသွားပါတယ်။

ကောတိရက အိုင်ကျူ ၁၅၀ ရှိပါတယ်။ အဲဒါဟာ စိတ်ပညာရှင်တွေရဲ့ အဆိုအရ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ အတူတူပါပဲ။

အဲဒီကျောင်းမှာပဲ စာသင်ပေးနေတဲ့ ကောတိရရဲ့ မိခင် စူနီတာ ရှာမာကတော့ သူသားမှာ မယုံနိုင်လောက်တဲ့ မှတ်ဥာဏ်ရှိတယ်လို့ ပြောပါတယ်။

“သူက တခုစီ အရာရာတိုင်းကို မှတ်မိပါတယ်။ သူစိတ်နဲ့ ကိုယ်က အမြဲ တထပ်တည်း ရှိပါတယ်။ သူက အိပ်တဲ့အခါမှာပဲ အနားယူပြီး ကျန်တဲ့အချိန်တွေမှာ အမြဲ တက်ကြွလှုပ်ရှားမှု ရှိပါတယ်။”

သူ့ဆရာ စာရိတက သူက တခြားကျောင်းသားတွေထက် ရှင်းရှင်းကြီးကို သာလွန်ပါတယ် လို့ ဆိုပါတယ်။

“သူမှာ မတူကွဲပြားပြီး သိပ်ထက်မြက်တဲ့ ဦးနှောက် ရှိပါတယ်။ သူ့ မေးခွန်းတွေကို ကျမတို့ ဖြေဖို့ ကြိုးစားပါတယ်။ တကယ်လို့ ကျမတို့ မသိရင် ကျမတို့ အင်တာနက်မှာ ရှာပါတယ်။ အဖြေ ကို သူ စိတ်ကျေနပ်သွားပြီ ဆိုတာနဲ့ သူက ဘယ်တော့မှ မမေ့တော့ပါဘူးရှင်။ ဒီကလေးရဲ့ အရည်အသွေး နဲ့ ပတ်သက်ပြီး ဖော်ပြဖို့ စကားလုံး မရှိပါဘူး။”

ဒေါက်တာ ၀မ်နာဂွတ်ပ်တားက ဒီအေဗီရာစု အစိုးရကျောင်းရဲ့ ကျောင်းအုပ်ကြီး ဖြစ်ပြီး သူရဲ့ ကျောင်းမှာ ကောတိရကို စကားပြောခိုင်းဖို့အတွက် ဖိတ်ကြားဖို့ မိုင် ၂၀ ခရီးကို သွားခဲ့ပါတယ်။

“ကျမ ကျောင်းက ကျောင်းသားကျောင်းသူတွေက ကောတိရကို တွေ့ဖို့ သိပ်စိတ်လှုပ်ရှားခဲ့ကြတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့က သူရဲ့ ပင်ကိုစွမ်းရည်နဲ့ ပတ်သက်ပြီး ကြားထားခဲ့ကြလို့ပါ။ သူက သိပ်ငယ်ရွယ်လွန်းပေမယ့် အရာရာတိုင်းကို သိနေတယ်လေ။ အံဩစရာပါပဲရှင်။”

ကောတိရရဲ့ ဖခင် စာတစ်ရှ်ရှာမာက ကျောင်းအုပ်ဆရာကြီးပါ။ သူက သူသားကို စမ်းသပ်ရတာကို သဘောကျပါတယ်။ ဒီတခါ တော့ အင်ဒိုနီးရှားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါ။

သူက အင်ဒိုနီးရှားကလေ။ အင်ဒိုနီးရှားက ဘယ်နေရာမှာလဲ။

"မလေးရှားနဲ့စင်ကာပူ ကြားမှာပါ။ အင်ဒိုနီးရှားမြို့တော်က ဂျာကာတာပါ။"

အင်ဒိုနီးရှားရဲ့ အဓိကကျွန်းတွေက ဘာတွေလဲ။

"ဘော်နီယို၊ ဂျာဗားနဲ့ စူမားထရားပါ။ ဒါပေမယ့် ဂျာဗားက သေးပါတယ်။"

စာတစ်ရှ် ရှာမာက သူသားအတွက် သိပ်ဂုဏ်ယူပါတယ်။ “မိဘတွေဟာ သူတို့ ကလေးတွေရဲ့စောင့်ရှောက်ပေးသူတွေပါပဲ။ ကလေးတွေကို နိုင်ငံက ပိုင်တာပါ။ ကျနော်တို့က သူ့ရဲ့ မေးခွန်းတွေ အားလုံးကို အဖြေပေးဖို့ ကြိုးစားကြပါတယ်။ ဘယ်တော့မှ လျစ်လျူရှုမထားပါဘူး။”

သူနဲ့ သက်တူရွယ်တူ ကလေး အများစုလိုပဲ ကောတိရက ကတာကို နှစ်သက်ပါတယ်။ အိန္ဒိယရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ပါတယ်။ ခရစ်ကက်လည်း ကစားပါတယ်။

မကြာခင်က သူနဲ့ ထင်ရှားကျော်ကြားတဲ့ အိန္ဒိယရဲ့ နာမည်ကျော် မင်းသားကြီး အမီတာ ဘဂျမ်း ပါဝင်တဲ့ တီဗွီရှိုးတခုက သူ့ကို ထင်ရှား ကျော်ကြားသွားစေခဲ့ပါတယ်။

သူ့ရဲ့ ကလေးဘ၀ကတော့ အခုအချိန်မှာ သူ့ သူငယ်ချင်းတွေနဲ့ အများကြီး ကွာခြားသွားပါပြီ။

ရတ်စ်ဝင်ဒါ ဆေဂဲလ်က ဟာရာနက ကိုဟင် အိန္ဒိယကျေးရွာကလေးကနေ အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013