DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်ကမ်းနားဘေးတွင် အပန်းဖြေနေရာ တည်ဆောက်မည်
DVB
·
December 5, 2013
ရန်ကုန်မြစ်ကမ်းနားဘေးတွင် အပန်းဖြေနေရာ တည်ဆောက်မည်
Donate to DVB

ရန်ကုန်မြို့   ဆိပ်ကမ်းနယ်မြေတလျှောက်ကို   ဖွံ့ဖြိုးအောင် လုပ်ဆောင်တဲ့အခါမှာ  ပြည်သူတွေ အပန်းဖြေနိုင်ဖို့အတွက် မြစ်ကမ်းဘေးတလျှောက်  စိမ်းလမ်းစိုပြေမှုဇုန်အဖြစ် သတ်မှတ် ဆောင်ရွက်ဖို့  ရန်ကုန်မြို့တော် မြေအသုံးချရေးနဲ့ နယ်မြေခွဲခြားသတ်မှတ်မှုအဖွဲ့က ကြိုးပမ်းနေပါတယ်။

Dalaရန်ကုန်မြို့တော်အတွင်းက  ဗိုလ်တထောင်ကနေ လမ်းမတော် မြစ်ကမ်းတလျှောက်ကို စိမ်းလမ်းစိုပြည်မှုဇုန်အဖြစ် သတ်မှတ်ပြီး ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့အခါ ကမ်းနဲ့  ၂၅ ပေ အကျယ် မြေနေရာ တောင်းပြီး အများပြည်သူ အပန်းဖြေရာနေရာအဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်အတွင်းမှာ ပန်းခြံတွေ နည်းပါးလို့ အများပြည်သူ နားနေနိုင်ဖို့၊ကလေး သူငယ်တွေ ကစားနိုင်ဖို့နဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်နိင်ဖို့ ဆိပ်ကမ်းဝန်းကျင်ကိုလည်း စိမ်းလန်းစိုပြေမှုဇုန်အဖြစ် သတ်မှတ် ရတာပါလို့ ရန်ကုန်မြို့တော် မြေအသုံးချရေးနဲ့ နယ်မြေခွဲခြားသတ်မှတ်မှု အဖွဲ့ဝင် ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

“Downtown Area မှာ ကျမတို့က ပန်းခြံတွေလည်း နည်းတယ်လေ။ နောက် ကလေးတွေ ထွက်ဆော့ စရာနေရာ ဒါမှမဟုတ် အားကစားထွက်လုပ်မှာ ဖြစ်ဖြစ်၊ လမ်းလျှောက်မှာပဲ ဖြစ်ဖြစ်၊ အဲဒီလို ထွက်လုပ်စရာ နေရာက နည်းတယ်လေ။ နည်းတဲ့အတွက်ကြောင့် ဒီဆိပ်ကမ်းနယ်မြေကို ပြန်ပြီး ပြင်ဆင်တဲ့အချိန်မှာ ပြည်သူတွေအတွက်ကို မြစ်ကမ်းဘေးမှာ ပြည်သူတွေအတွက် အပမ်းဖြေရာနေရာအဖြစ် သတ်မှတ်ပေးဖို့ပါ။”

ရန်ကုန်မြို့တော်အတွင်းမှာ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး၊ အင်းလျားကန်နဲ့ လှော်ကားပတ်ဝန်းကျင် စတဲ့နေရာတွေကို စိမ်းလန်းစိုပြေမှုဇုန်အဖြစ်  မူလက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ခုချိန်မှာတော့ ဆိပ်ကမ်းအာဏာပိုင်တွေက ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူပြီး ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် တည်ဆောက်သွားဖို့ ရှိတဲ့အတွက် ဆိပ်ကမ်းဝန်းကျင်မှာ အများပြည်သူ အပန်းဖြေစရာနေရာ ကျန်ခဲ့အောင် စိမ်းလန်းစိုပြေမှုဇုန် အဖြစ် ထည့်သွင်း ရေးဆွဲလိုက်တာပါလို့ ဒေါ်လှိုင်မော်ဦးက ဆက်ပြောပါတယ်။

“အစိုးရမြေဆိုတာလည်း အများပြည်သူ အတွက်ကို အသုံးပြုလို့ရတယ်လေ။ ပေအစိတ်ကို အများပြည်သူ အပန်းဖြေနိုင်တဲ့ မြေအနေနဲ့ ချန်လှပ်ပေးဖို့ ကျမတို့က အဆိုပြုထားတာပါ။ အခုက အားလုံးကို ချပြတာပါ။ ချပြတဲ့အပေါ်မူတည်ပြီးတော့ ကျမတို့ ပြန်ပြီး အကြံပြုတာတွေ ရှိကောင်းရှိမှာပါ။ မနေ့ကပဲ လွှတ်တော်ကိုယ်စားလှယ်တွေထဲက အစိတ်တော့ နည်းပါတယ်လို့ ပြောတယ်။ အစိတ်က နည်းတယ်ဆိုပေမယ့်လည်း ကျမတို့က ဟိုဘက် ဒီဘက် ကြည့်ရတာတွေ ရှိတယ်။ အနည်းဆုံး အစိတ်တော့ ချန်ပေးပါလို့ပြောတာ၊ အစိတ်ထက်ပို ရရင်လည်း ကောင်းတာပေါ့။ ”

ဒီကိစ္စ အကောင်အထည်ဖော်ဖို့အတွက်  ပြည်သူတွေ၊ လုပ်ငန်းရှင်တွေထံက အကြံပြုချက် တောင်းခံပြီး လွှတ်တော်မှာ တင်ပြသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းနဲ့ ဒလ ခရီးသည်တင် ဆိပ်ခံတံတားတို့ကို အဆင့်မြှင့် ပြုပြင် တည်ဆောက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ခေတ်မီ အဆောက်အအုံတွေ တည်ဆောက်ဖို့ အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလက တင်ဒါ ခေါ်ယူခဲ့ပြီး New Downtown Development Co.,Ltd. ကို  နှစ် ၃၀  ဘီအိုတီစနစ်နဲ့   လုပ်ငန်း လုပ်ပိုင်ခွင့်ပြုထားတယ်လို့  မြန်မာ ဆိပ်ကမ်းအာဏာပိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013