DVB Logo
Home
မြန်မာသတင်း
သံတွဲပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူများ ပြန်လွတ်
DVB
·
December 4, 2013
သံတွဲပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူများ ပြန်လွတ်
1 / 2
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်  သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခအတွင်း အဖမ်းခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) သံတွဲမြို့နယ်  ဥက္ကဋ္ဌ  အပါအ၀င် ၁၁ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

[caption id="attachment_47672" align="alignleft" width="300"]သံတွဲ လူမျိုးရေး ပဋိပက္ခ အတွင်း မီးလောင်သွားသော အိမ်တအိမ်အား တွေ့မြင်ရစဉ် သံတွဲ လူမျိုးရေး ပဋိပက္ခ အတွင်း မီးလောင်သွားသော အိမ်တအိမ်အား တွေ့မြင်ရစဉ်[/caption]

ကျောက်ဖြူထောင်နဲ့ သံတွဲထောင်တို့မှာ ၂ လကြာ အဖမ်းခံခဲ့ရပြီး ဒီဇင်ဘာ ၃ ရက်နေ့က လွှတ်ပေးလိုက်တာလို့    အာအန်ဒီပီ ပါတီ  သံတွဲ မြို့နယ်  ဥက္ကဌ  ဦးမောင်ပုက ပြောပါတယ်။

သူနဲ့အတူ အာမခံနဲ့ လွတ်မြောက်လာသူတွေဟာ သံတွဲမြို့က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အသင်းဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့မှာ အပြစ်မရှိတဲ့အတွက် စွဲဆိုထားတဲ့အမှုတွေကနေ လုံးဝ လွတ်မြောက်အောင် ဥပဒေဘောင်အတွင်းက ဆက်လက်ရင်ဆိုင်သွားမယ်လို့လည်း ပြောပါတယ်။

သံတွဲပဋိပက္ခအတွင်း ဖမ်းထားသူပေါင်း အယောက် ၉၀ ကျော်ရှိပြီး ဦးမောင်ပုအပါအ၀င် ၁၃ ဦးလောက်ကိုပဲ အာမခံနဲ့ လွှတ်ပေးထားတာဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌတဦး အဖမ်းခံရတဲ့ထဲ ပါဝင်နေတဲ့အတွက် သံတွဲပဋိပက္ခဖြစ်ပြီး မကြာခင် ဖြစ်စဉ်ကို သွားရောက်လေ့လာခဲ့တဲ့ ပါတီဗဟိုကော်မတီဝင် ဦးဖေသန်းကတော့ သမ္မတခရီးစဉ်နဲ့ ချိန်ကိုက်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွက်  အထက်က ဖိအားပေးတာကြောင့်  ပါတီနဲ့ အမျိုးဘာသာသာသနာအသင်းဝင်တွေ ဓားစာခံ အဖြစ် ဖမ်းဆီးခံခဲ့ ရတာလို့  ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဖြစ်ပွားခဲ့တဲ့ သံတွဲပဋိပက္ခအတွင်း လူ ၅ ဦး သေဆုံးပြီး အိမ်ထောင်စု ၁၂၀လောက် အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။

အပြည့်အစုံ အသံဖိုင်မှာ နားဆင်ရန်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013