DVB Logo
Home
မြန်မာသတင်း
တန်းစီစနစ်ကြောင့် ပရဟိတယာဉ်များ အလောင်းထပ်ပြီး သုသာန်ပို့ဆောင်နေရ
DVB
·
July 22, 2021
တန်းစီစနစ်ကြောင့်  ပရဟိတယာဉ်များ အလောင်းထပ်ပြီး သုသာန်ပို့ဆောင်နေရ
Donate to DVB

ရန်ကုန်၊ စမ်းချောင်းမြို့နယ်အတွင်း လူသေဆုံးမှုနှုန်းတွေ များလာသလို မီးသင်္ဂြိုဟ်တဲ့ သုသာန်တွေမှာ တန်းစီစနစ်ကြောင့် ပရဟိတယာဉ်တွေဟာ အလောင်းထပ်ပြီး သယ်ပို့နေရတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့မှာ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ အလောင်း ၄ လောင်းတကြိမ်နဲ့  ၇ လောင်းတကြိမ် ထပ်ပြီး ပို့ဆောင်ခဲ့ရတယ်လို့ စမ်းချောင်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ dead body သယ်တဲ့ကားကတော့ တစ်စီးပဲ ရှိတယ်။ စမ်းမြောက်ဘက်ကလည်း သေဆုံးနှုန်းတွေ များလာတယ်။ ကျနော်တို့ ထိန်ပင်ကို dead body သွားပို့တော့လည်း တန်းစီးရတာနဲ့ အချိန်ကြာတာပေါ့။ dead body တစ်ခု သွားပို့လိုက် ပြန်လာသယ်လိုက်ကျတော့လည်း အဆင်မပြေဘူး။ တစ်ချို့ကျတော့လည်း အခုဆုံး အခုလာသယ်ပေးစေချင်ကြတယ်လေ။ ဒီနေ့ ဆိုရင် မနက်က ၄ လောင်းထပ် သယ်သွားရတယ်။ နေလယ်ပိုင်းလောက်ကျတော့လည်း ၇ လောင်းထပ်ပြီး သယ်သွားရတယ်။ သေဆုံးသူတွေက အောက်ဆီဂျင်ကျပြီး သေဆုံးသူတွေများပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်သံသယလူနာတွေကို ဆေးရုံလိုက်ပို့တဲ့အခါမှာ အခက်အခဲတွေ ရှိနေပြီး PPE ဝတ်စုံ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လက်ရှိက PPE မလုံလောက်တဲ့ အခက်အခဲ ရှိတယ်။ တစ်နေ့ကို ၁၀ စုံကျော်လောက် ကုန်တယ်။ ကျနော်တို့ အလှူခံရင်တော့ လာလှူကြပေမယ့် ၃ ရက်လောက်ဆို ကုန်ပြီ။ နောက်တစ်ခုက ကိုဗစ်လူနာတွေကို ဆေးရုံပို့ဖို့ ခေါ်တဲ့အချိန် ဆေးရုံတွေက လက်မခံကြတော့ ကျနော်တို‌ေအတွက်လည်း ခက်ခဲတယ်။ လူနာတင်ပြီး မြို့ပတ် ဆေးရုံရှာရတာဆိုတော့။ တစ်ချို့ဆို ဆေးရုံမှာ တန်းစီရင်း အောက်ဆီဂျင်ကျပြီး သေဆုံးတာတွေလည်း တွေ့ကြုံရတယ်” လို့ သူက ပြောပါတယ်။

စမ်းချောင်းမီးသတ်တပ်ဖွဲ့ကတော့ မနက် ၈ နာရီကနေ ညနေ ၆နာရီအထိ ကိုဗစ်လူနာပို့တာ၊ dead body သယ်ဆောင်ပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များလာသလို သေဆုံးနှုန်းလည်း တနေ့ထက်တနေ့ ပိုများလာနေတယ်လို့ ပရဟိအသင်းအဖွဲ့တွေက ပြောရပါတယ်။

ရန်ကုန်မြို့က သုသာန်တွေမှာ ဇူလိုင် ၂၀ ရက်နေ့က အလောင်း ၁၃၀၀ နီးပါး၊ ဇူလိုင် ၂၁ ရက်က အလောင်း ၂၀၀၀ ကျော် မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013