DVB Logo
Home
မြန်မာသတင်း
ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူ
DVB
·
July 21, 2021
ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူ
Donate to DVB

ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိဟာ မန္တလေးတိုင်း၊  သာစည်မြို့ ပြည်သူ့ဆေးရုံမှာ  ဇူလိုင်  ၂၁ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲက   ကိုဗစ်-၁၉ ရောဂါနဲ့ ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သာစည်မြို့အတွက် ဆုံရှုံးမှုကြီးတစ်ခုပါ။ သာစည်သုသာန်က  ကျပ် သိန်း ၃၀၀ ကုန်ကျတဲ့ မီးသင်္ဂြိုဟ်စက်ဟာ ဆရာတော်လှူထားတာပါ။ ဧရာဝတီတိုင်းအတွင်းက မြို့တစ်မြို့မှာ တရားဟောပြီးအပြန် ကိုဗစ်ရောဂါ ဖြစ်လာတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ကိုဗစ်ရောဂါစဖြစ်တယ်။ ဒီနေ့ ၁၇ ရက်အကြာမှာ ပျံလွန်တော်မူတာ။ မနက်က ဆွမ်းဘုန်းပေတော့ သက်သာလာတယ် ထင်မိတယ်။ သာစည်ဆေးရုံမှာ ဆေးကုသရင်း ပျံလွန်တော်မူသွားတယ်။ "လို့ ပြောပါတယ်။

ဆရာတော်ရဲ့ ဈာပနကိုလည်း နေ့တွင်းချင်း ဒီကနေ့   မွန်းလွဲပိုင်းမှာပဲ  ကျင်းပပြီးစီးသွားခဲ့ပါတယ်။

ဆရာတော် အရှင်ကုသလဇောတိကို  သာစည်မြို့နယ် ဘိုကုန်းရွာမှာ အဖခမည်းတော် ဦးသိန်းဟန် အမိမယ်တော် ဒေါ်စန်းတို့က ၁၉၇၆ ခုနှစ်မှာ ဖွားမြင်ပြီး မွေးချင်း ၄ ဦးအနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။

ဆရာတော်ဟာ ဘိုကုန်းဘုန်းတော်ကြီးကျောင်းမှာပဲ သက်တော် ၂၀ နှစ် ၁၉၉၆ မှာကိုရင်ဘဝမှ ရဟန်းဘောင်ကို ကူးခဲ့ပါတယ်။ စစ်ကိုင်း၊ ပြည်နဲ့ ရန်ကုန်မြို့တွေမှာ  ပရိယတ္တိစာဝါလိုက်ရင်း လောကီဘွဲ့ BSc(zoo)ဘွဲ့ရရှိခဲ့သလို  ဓမ္မာစရိယဘွဲ့တော်လည်းရရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းရှိ ဆလုံ မွန်ကင်းရွာမှာ သာသနာတော်ပြုနေခဲ့တာ ယနေ့အထိဖြစ်ပါတယ်။

သာစည်မြို့မှာတော့  ဇူလိုင်  ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၇၁ ဦး ရှိတဲ့အနက် သေဆုံးသူ  ဂျလန်းကျွန်းဆရာတော်အပါအဝင် ၆ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013