DVB Logo
Home
မြန်မာသတင်း
ကယားတွင် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်တပ်ရန် အလှူငွေ သိန်း ၁၀၀၀ နီးပါးရရှိ
DVB
·
July 21, 2021
ကယားတွင် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်တပ်ရန် အလှူငွေ သိန်း ၁၀၀၀ နီးပါးရရှိ
Donate to DVB

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ လူနာတွေအတွက် လိုအပ်နေတဲ့ အောင်ဆီဂျင် ဖြည့်ပေးနိုင်ဖို့ ဒေသခံတွေ ဦးဆောင်က အလှူငွေတွေ ကောက်ခံနေရာမှာ  ၄ ရက်အတွင်း အလှူငွေ ကျပ် သိန်း ၁၀၀၀ လောက်ရရှိတယ်လို့  ကယားပြည်နယ် Oxygen Plant ဖြစ်မြောက်ရေးကော်မီတီက ကြေညာပါတယ်။

မျိုးရိုးဗီဇပြောင်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉  တတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြန်မာနိုင်ငံ တဝန်းကြုံတွေ့နေရသလို ကယားပြည်နယ်မှာလည်း တနေ့ထက်တနေ့ တိုးလာနေပါတယ်။

ကယားပြည်နယ်တွင်လည်း ကိုဗစ်ကူးစက်ခံရသူတွေ အောက်ဆီဂျင်မလုံလောက်ပါက အထောက် အကူပြုနိုင်ရေး Oxygen Plant စက်တစ်ခုအား ကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒေသခံတွေက Oxygen Plant ဖြစ်မြောက်ရေးကော်မီတီဖွဲ့က အလှူငွေတွေ စတင် ကောက်ခံနေတာဖြစ်ပါတယ်။

အလှူငွေကို ဇူလိုင် ၁၇ ရက်မှ စတင်ကောက်ခံကာ ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီအထိ အလှူငွေ ကျပ် ၉၇,၇၈၆,၀၄၅ တိတိ ကောက်ခံရရှိထားကြောင်း ကော်မီတီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီကော်မီတီအနေနဲ့ ကယားပြည်နယ်ရဲ့  အောက်ဆီဂျင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်ဖို့၊ အရေးပေါ် လူနာတွေ အောက်ဆီဂျင်ကို အလွယ်တကူရရှိနိုင်စေဖို့နဲ့  အနာဂတ်မှာလည်း အောက်ဆီဂျင်ကို  ပြည်နယ်အတွင်းမှာ လွယ်ကူစွာရရှိသုံးစွဲနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့  ဆိုပါတယ်။

တနေ့ကို 40 L ဆန့် အောက်ဆီဂျင်အိုးကြီး အလုံး ၉၀ လောက် ဖြည့်ပေးနိုင်မယ့် စက်အမျိုးအစားကို ရွေးချယ် ဝယ်ယူသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

စက်ပစ္စည်း တပ်ဆင်ပြီးစီးတဲ့အထိ ကုန်ကျငွေ ကျပ်သိန်း ၁၀၈၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားကြောင်းနဲ့ စက်အမျိုးအစားအပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟချက် ရှိနိုင်မှာ ဖြစ်ပါတယ်။

စက်ကို  ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းပိုင်မြေနေရာဖြစ်တဲ့ ကွန်ပျူတာတက္ကသိုလ်အနီးရှိ မြေကွက်မှာ တည်ဆောက်ဖို့လျာထားပြီး    စက်တင်ဘာလအတွင်း စတင် လည်ပတ်နိုငအောင်  ကြိုးပမ်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013