Fury လို့ခေါ်တဲ့ မြန်နှုန်းမြင့် တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်ဖို့ အန်ဒူရယ်ကုမ္ပဏီက ပြင်ဆင်နေပါတယ်။
အလိုအလျောက် မောင်းနှင်နိုင်တဲ့ ဒရုန်းတွေ လိုအပ်မှု ကြီးမားလာချိန် အိုဟိုင်းယိုးရှိ စက်ရုံသစ်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အက်ဗီလီမှာ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ Arsenal-1 အလိုအလျောက် မောင်းနှင်စနစ် ထုတ်လုပ်တဲ့ စက်ရုံဝန်းထဲမှာ ပြုလုပ်နေတယ်လို့ ထုတ်လုပ်ရေးဒုဥက္ကဋ္ဌ ကိတ်ဖလိုင်းက ပြောပါတယ်
အဆင့်မြင့်တဲ့ မောင်းနှင်မှုတွေ တိုးတက်လာချိန် ကုမ္ပဏီက ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲပိုင်းကို မြှင့်တင်ဖို့ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ ပုံမှန် ကန်ထရိုက်တာတွေနဲ့ ထုတ်လုပ်နေတာထက် ပိုများတဲ့ ပမာဏကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အန်ဒူရယ်ဟာ အသေးစား ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်ပြီး နည်းပညာသစ် လက်နက်တွေကို ပင်တဂွန်နဲ့ ကြီးကျယ်တဲ့စာချုပ် ချုပ်ဆိုဖွယ် ရှိပါတယ်။
ထရမ့်ပ် အစိုးရအဖွဲ့ကလည်း နည်းပညာသစ် လက်နက်တွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ ထုတ်လုပ်ဖို့ ဒီလို ကာကွယ်ရေးလုပ်ငန်းသစ်တွေနဲ့ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
အလိုအလျောက် ပျံသန်းနိုင်တဲ့ Fury လေယာဉ်တွေဟာ ဒီကုမ္ပဏီကထုတ်တဲ့ ပထမဆုံးထုတ်ကုန် ဖြစ်လာတာပါ။
Fury ဟာ အန်ဒူရယ်ရဲ့ CCA အစီအစဉ်မှာ ပါဝင်ဖို့ လေယာဉ်လည်း ဖြစ်ပါတယ်။ CCA ဟာ အမေရိကန်လေတပ်ရဲ့ မျိုးဆက်သစ်စနစ်တခုပဲ ဖြစ်ပါတယ်။
မောင်းသူမဲ့ လေယာဉ်တွေကို လေယာဉ်မောင်းတွေ ပါဝင်တဲ့ တိုက်လေယာဉ်တွေနဲ့ ပူးတွဲ တိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: Reuters










