DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးမြို့ ကျောက်ငနွားရွာ သောက်သုံးရေ အခက်ကြုံ
DVB
·
December 4, 2013
စဥ့်ကူးမြို့ ကျောက်ငနွားရွာ သောက်သုံးရေ အခက်ကြုံ
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ကျောက်ငနွားကျေးရွာမှာ ရွာသားတွေ သုံးစွဲနေကျ အင်းထဲက ရေတွေ မသန့်ရှင်းတဲ့အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေကြရပါတယ်။

ကျောက်ငနွားကျေးရွာက အားထားနေရတဲ့ သပျောအင်းထဲမှာ ငါးဖမ်းသူတွေက ငါးလှန့်ဆေးကို သုံးစွဲပြီး ငါးဖမ်းနေတဲ့အပြင် ရေသေအင်း ဖြစ်တဲ့အတွက် အခုလို မသန့်ရှင်းတဲ့ရေတွေ ဖြစ်နေတာလို့ ရွာခံ ဦးညွန့်သူက ပြောပါတယ်။

sintku“အဲဒီထဲမှာ သောက်ရေသုံး ရေချိုးရေတွေ ဖြစ်တယ်။ ရေသေအိုင်ကြီးပေါ့ဗျာ။ အဲဒါကြီး သုံးစွဲနေရတာပေါ့။ အဲဒီမှာ အသားဝါတွေ မကြာခဏ ကျနော်တင်မကဘူး။ တော်တော်များများ ဖြစ်တယ်ဗျ။ အဲမှာ ကျနော်တို့ သက်ဆိုင်ရာ ဆရာဝန်တွေ သွားပြတော့ ရေမသန့်ရှင်းတဲ့အချက်က အဓိက ဖြစ်နေတယ်လို့ ကျနော်တို့ကို သတိပေးလိုက်တယ်။”

သောက်ရေ၊ ချိုးရေနဲ့ အ၀တ်လျှော်ရေအဖြစ် အသုံးပြုနေတဲ့ သပျောအင်းအပြင် ကျေးရွာထဲမှာ ၂၀၀၄ ခုနှစ်ကတည်းက စဥ့်ကူးမြို့နယ် စည်ပင်သာယာက တူးဖော်ပေးထားတဲ့ စက်ရေတွင်း တခုလည်း ရှိနေပါတယ်။ ဒါပေမယ့် အဲဒီရေတွင်းဟာ အောက်ကျောက်သား မပေါက်တဲ့အတွက် ရေထွက် နည်းနေပြီး ရေမရှိသလောက် ဖြစ်နေပြီလို့ ပြောပါတယ်။

ကျောက်ငနွားရွာနေ ဦးအုန်းလွင်က “ကျနော်တို့ ရေကို ကျိုချက်ပြီး သောက်သုံးကြည့်ပါတယ်။ ကျနော်တို့ရွာက သပျောအင်းထဲက ရေရယ်၊ တူးထားတဲ့ သဘာဝရေရယ် ၂ မျိုးပေါ့နော်။ တူးထားသော ရေတွင်းရေတွေက ခါးတော့ ရေသောက်လို့ ရှိရင် မြစ်ရေလို မကောင်းဘူး။ အဲဒါ ကျိုချက်ပြီး ရေနွေးသောက်လို့လည်း မရဘူး။ ထမင်းအိုးတည်ရင် ထမင်းတွေလည်း ၀ါကုန်တယ်။ ပြီးတော့ အင်းရေကို သွားခတ်ပြန်တော့လည်း အင်းရေကျတော့ ရေကို ကျိုထားလို့ ရှိရင် အဲဒီဟာက အခိုးအငွေ့တွေလို အငွေ့ပျံပြီးတော့ အနံ့ဆိုးတွေလည်း ရတယ်ပေါ့။ အဲဒါကြောင့် ကျိုချက်လို့ မရဘူး။ ဒီတိုင်းပဲ သောက်နေရတယ်” လို့ ပြောပါတယ်။

ကျောက်ငနွားကျေးရွာမှာ နာမကျန်းသူတွေကို မုံရွာချစ်သူများ ပရဟိတအဖွဲ့က သွားရောက် ဆေးကုသပေးခဲ့ပြီး ကျေးရွာက ခံစားနေရတဲ့ ဝေဒနာတွေဟာ သောက်သုံးရေ မသန့်တဲ့အတွက် ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး သောက်သုံးရေ ရရှိရေး ကူညီပေးသင့်တယ်လို့ ပြောပါတယ်။

မုံရွာချစ်သူများ ပရဟိတအဖွဲ့ဝင် ဒေါက်တာသီဟက “ကျနော် တွေ့ရှိ စစ်ဆေးရသလောက်ကတော့ ရေကောင်းရေသန့် မရရှိလို့ပါပဲ။ ဘာဖြစ်လို့ ရေကောင်းရေသန့် မရရှိလဲဆိုတော့ ရေက စီးဆင်းမှုမရှိဘဲ ရေသေအင်းကြီးထဲမှာ ရွာသားတွေက ချက်ကြ ပြုတ်ကြ စားသောက်ကြပေါ့။ ဒီရေကို အသုံးပြုပြီးတော့။ အဲဒီအခါမှာ မလိုအပ်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်ကြပါတယ်။ ၀မ်းပျက်ဝမ်းလျှောတွေ၊ အသည်းကြီးတဲ့ ရောဂါတွေနဲ့ အသည်းရောင် အသားဝါတွေ ဖြစ်ကြတယ်။ ဒါလည်း ဆရာဝန်ကြီးတွေရဲ့ မှတ်ချက်မှာ ပါပါတယ် ခင်ဗျ။ အဲဒါကြောင့် ဒီ ရေကောင်းရေသန့် ရရှိဖို့က အဓိက ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အိမ်ထောင်စုပေါင်း ၁၇၃ စုနဲ့ လူဦးရေ ၈၀၀ ကျော် ရှိနေတဲ့ အဲဒီ ကျေးရွာသားတွေကတော့ သောက်သုံးရေ ရရှိဖို့ စက်ရေတွင်းကို အောက်ခံကျောက်သား ပေါက်အောင် ခေတ်မီစက်နဲ့ တူးဖော်နိုင်ရင် ရလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ တာဝန်ရှိသူတွေ၊ တခြားအလှူရှင်တွေ သောက်သုံးရေအတွက် ကူညီပေးစေချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013