DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုအဆင့် ယခင်နှစ်ထက် မြန်မာနိုင်ငံ လျော့နည်း
DVB
·
December 4, 2013
အဂတိလိုက်စားမှုအဆင့် ယခင်နှစ်ထက် မြန်မာနိုင်ငံ လျော့နည်း
Donate to DVB

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုဟာ အရင်နှစ်တွေထက် လျော့နည်းလာတယ်လို့ အဂတိ တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

CPI2013_AsiaPacific_english_620ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇  နိုင်ငံအထဲက   မြန်မာနိုင်ငံဟာ အဆင့် ၁၅၇  နေရာမှာ ရှိပြီး အရင်နှစ်တွေထက်စာရင် မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု နည်းလာပြီး  နေရာအဆင့် တိုးလာတယ်လို့ အဂတိလိုက်စား တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပြီးနောက် အဂတိလိုက်စာမှုနဲ့ ပတ်သက်ပြီး အမှတ်ကောင်း ပိုရလာတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုမှ အပြောင်းအလဲတွေ စတင်နေတဲ့အတွက် အစိုးရအနေနဲ့ လာဘ်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုတွေ အများကြီး လိုသေးတယ်လို့ ပြောပါတယ်။

၂၀၁၂ တုန်းက မြန်မာနိုင်ငံရဲ့ လာဘ်စားမှုအဆင့်ဟာ ၁၇၂ နေရာမှာ ရှိပြီး မြန်မာနိုင်ငံရဲ့ အောက်မှာ ဆိုမာလီယား၊  မြောက်ကိုးရီးယား၊  ဆူဒန်နဲ့ အာဖဂနစ္စတန် ၄ နိုင်ငံသာ  ရှိပါတယ်။

ဒါပေမယ့် ၂၀၁၃ မှာတော့  မြန်မာနိုင်ငံရဲ့ အောက်မှာ  နိုင်ငံပေါင်း ၂၀ လောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ လာဘ်စားမှုတွေဟာ ခါတိုင်းနှစ်တွေထက် အဆင့်နေရာ တိုးရလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာဘ်စားမှု အကင်းရှင်းဆုံးနိုင်ငံတွေကို အမှတ် ၉၀ ကနေ ၁၀၀ အထိ ပေးထားပြီး အနိမ့်ဆုံးနိုင်ငံတွေကတော့ ၀ ကနေ ၉  အထိ ပေးထားပါတယ်။ မြန်မာနိုင်ငံကတော့ ၂၀၁၂ က အမှတ် ၁၉ သာရခဲ့ပြီး ၂၀၁၃ မှာ အမှတ် ၂၁  နေရာမှာ ရတဲ့အတွက် အမှတ် ၂၀ ကနေ ၂၉ အုပ်စုထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု အကင်းမဲ့ဆုံးနိုင်ငံတွေကတော့ နယူးဇီလန်နဲ့ ဒိန်းမတ်နိုင်ငံတွေ ဖြစ်ပြီး အဆိုးဆုံး အဂတိလိုက်စားမှုရှိတဲ့ နိုင်ငံတွေကတော့ ဆိုမားလီယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေ ဖြစ်ပါတယ်။ အာရှနဲ့ ပစိဖိတ်နိုင်ငံတွေရဲ့ တ၀တ်ကျော်လောက်ကတော့ အမှတ် ၄၀ အောက်မှာ ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013