DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သုသာန်များတွင် ဇူလိုင် ၂၀ တရက်တည်း အလောင်း ၁၃၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရ
DVB
·
July 21, 2021
ရန်ကုန် သုသာန်များတွင် ဇူလိုင် ၂၀ တရက်တည်း အလောင်း ၁၃၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရ
Donate to DVB

ဇူလိုင် ၂၀ ရက်နေ့ တရက်တည်း ရန်ကုန်မြို့ ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင်းသုဿာန်လေးခုမှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်းစုစုပေါင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါးရှိလာတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ 

သေဆုံးသူအများစုက ကိုဗစ်သံသယလူနာတွေဖြစ်ပြီး အောက်စီဂျင်မရလို့ သေဆုံးတာတွေ့ရတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၀ ရက်နေ့မှာ ပရဟိတကားတွေမလုံလောက်တဲ့အတွက် ပြည်သူတွေက အိမ်စီးကားတွေနဲ့ ရုပ်အလောင်းတွေကို  သုဿာန်တွေကိုပို့ဆောင်ရတဲ့အထိ များပြားခဲ့တာလို့ ပရဟိတသမားတဦးက ပြောပါတယ်။

"ဒီနေ့သေတယ်။ ထိန်ပင်မှာများနေလို့ ရေဝေးကို ပြောင်းလိုက်သေးတယ်။ အားလုံးပေါင်းလိုက်ရင် မှန်းခြေ ထိန်ပင်မှာ လေးရာနီးပါးရှိမယ်။ ရေဝေးမှာလည်း လေးရာကျော်မယ်။ ကျီစုတို့ ကျူချောင်းတို့မှာလည်း များတယ်။ အားလုံးပေါင်းလိုက်ရင် ၁၂၀၀ ကျော် ၁၃၀၀ နီးပါးရှိလိမ့်မယ်။ ဘယ်လိုလုပ်ကြမလဲ တို့မြန်မာပြည်ကြီးကုန်တော့မယ်လူတွေ။"

ဇူလိုင် ၂၀ ရက်နေ့ ညနေ ၆ နာရီအထိ ရေဝေးမှာ မီးသင်္ဂြိုဟ်တဲ့ ရုပ်အလောင်း ၃၉၆ လောင်းအထိရှိနေပြီး ညပိုင်းအထိဆိုရင် စုစုပေါင်း ၄၅၀ လောက်အထိဖြစ်လာလိမ့်မယ်လို့ ပရဟိတသမားတစ်ယောက်ကပြောပါတယ်။ 

ပရဟိတကားတွေဟာ တစ်နေကုန်တန်းစီနေရပြီး အလှည့်တစ်ခါရောက်ဖို့ အချိန်တစ်နာရီခွဲလောက်တန်းစီစောင့်ရတယ်လို့ ပရဟိတသမားတဦးက ပြောပါတယ်၊

"၆ နာရီအတိမှာ ၃၉၆ လောင်း ကျန်သေးတယ် မပြီးသေးဘူးနော်။ စာရင်းမပိတ်သေးဘူးနော်။ မှန်ခြေ ၄၅၀ လောက်ဖြစ်မယ်ထင်တယ်။ အနည်းဆုံး ၄၅၀ လောက်ဖြစ်မယ်ထင်တယ် ရေဝေးတစ်ခုတည်းတင်။ အရင်က အများဆုံး အလောင်း ၁၀၀ လောက်ပဲ သင်္ဂြိုဟ်ခဲ့ရတဲ့စက်တွေ၊ အခု ၄၅၀ လောက်ကို ဘယ်လိုသင်္ဂြိုဟ်လဲ မပြောတတ်တော့ဘူး။ တချို့ဆိုရင် ကိုယ်ပိုင်ကားတွေ၊ ပရိုဘောက်စ်တွေ၊ ဟိုက်ဂျက်တွေနဲ့ လာပို့တဲ့သူတွေလည်းတွေ့တယ်။ တန်းစီရတယ်။ ကိုယ့်အလှည့်ရောက်ဖို့ အနည်းဆုံးတစ်နာရီ တစ်နာရီခွဲ စောင့်ရတယ်။"

ဇူလိုင် ၁၂ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့က သုဿာန်တွေမှာ တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် ၇၀၀ နီးပါးသင်္ဂြိုဟ်ခဲ့ရပြီး တစ်ရက်ထက်တစ်ရက် ရုပ်အလောင်းပိုများလာတာပါ။ 

စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနကထုတ်ပြန်တဲ့ နေ့စဉ် ကိုဗစ်ကူးစက်ခံရတဲ့နှုန်းနဲ့ သေဆုံးနှုန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်း ပိုများနေတယ်လို့ ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။ဓာတ်ပုံ - SeinWin Than

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013