DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် - မုဒုံကားလမ်း ရေကျော်၊ ကားအစီး ၁၀၀ နီးပါး ပိတ်မိနေ
DVB
·
July 20, 2021
သံဖြူဇရပ် - မုဒုံကားလမ်း ရေကျော်၊ ကားအစီး ၁၀၀ နီးပါး ပိတ်မိနေ
1 / 3
Donate to DVB

မွန်ပြည်နယ် သံဖြူဇရပ် - မုဒုံကားလမ်း ရေကျော်နေပြီး လက်ရှိမှာ ကားအစီး ၁၀၀ နီးပါး ပိတ်မိနေတယ်လို့ မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက DVB ကို ပြောပါတယ်။

မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးက သံဖြူဇရပ် - မုဒုံကားလမ်းဟာ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီလောက်ကတည်းက ရေကျော်ခဲ့တာဖြစ်ပြီး ညနေ ၄ နာရီခွဲအချိန်ထိ ရေကျသွာတာ မရှိသေးပါဘူး။

သံဖြူဇရပ် - မုဒုံကားလမ်း ရေကျော်မှုကြောင့် ကုန်သည်ယာဉ်အပါအဝင် ခရီးသည်ကား ၁၀၀ နီးပါး ပိတ်နေတယ်လို့ ဆိုပါတယ်။

မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “နှီးပဒေါကားလမ်း ရေကျော်နေပါတယ်၊ ဒီမှာ ကားအစီး ၁၀၀ လောက်ပိတ်နေတယ်၊ အတက်နိုင်ဆုံး ဒီလမ်းကို လာမယ်ဆိုရင် စုံစမ်းပြီးမှ လာကြပါ” လို့ ပြောပါတယ်။

သံဖြူဇရပ် - မုဒုံကားလမ်းဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ရေးမြို့နယ် အပြင် တနင်္သာရီတိုင်းကို အဓိက သွားလာနေတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက်ကြောင့် ကားလမ်း ရေကျသွားမယ့် အခြေအနေ မရှိသေးပါဘူး။

သံဖြူဇရပ် - မုဒုံကားလမ်းဟာ နှစ်စဉ် ရေကျော်မှု ဖြစ်ပွားနေတာ ဖြစ်ပြီး၊ အခုလောက်ထိ တစ်ခါမှ အချိန်အကြာကြီး ရေကျော်တာ မဖြစ်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013