DVB Logo
Home
Lead Story
သက်ဆင်က သူ့ညီမကနေတဆင့် အုပ်ချုပ်နေတဲ့ အဝေးရောက် ၀န်ကြီးချုပ်ပါပဲ
DVB
·
December 4, 2013
သက်ဆင်က သူ့ညီမကနေတဆင့် အုပ်ချုပ်နေတဲ့ အဝေးရောက် ၀န်ကြီးချုပ်ပါပဲ
Donate to DVB

ထိုင်းနိုင်ငံဟာ လမ်းပေါ်ဆန္ဒပြပွဲတွေကြောင့် တုန်ခါနေပါတယ်။ ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ထရာဟာ ၂၀၁၀ ခုနှစ် အကြမ်းဖက်မှု ဖြစ်ကတည်းက နိုင်ငံကို ထိုးနှက်နေတဲ့ အကြီးမားဆုံး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲတွေဟာ ဒီသီတင်းပတ်မှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီကတည်းက ဆန္ဒပြ ကန့်ကွက်သူတွေက ၀န်ကြီးဌာနတွေနဲ့ အစိုးရဌာနတွေကို ချီတက်ပိတ်ပစ်ဖို့ ကြိုးစားပြီး အစိုးရ ဆင်းပေးဖို့ တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်ဟောင်းတယောက် ဦးဆောင်တဲ့ ဆန္ဒပြသူတွေက ယင်းလတ်အစိုးရကို ဖြုတ်ချခံလိုက်ရတဲ့ သူအကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ က ကြိုးကိုင်နေတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

[caption id="attachment_47628" align="alignright" width="300"]ထိုင်းနိုင်ငံရေးသိပ္ပံပညာရှင် သစ်တီနန်ပေါင်ဆူဒီရတ် ထိုင်းနိုင်ငံရေးသိပ္ပံပညာရှင် သစ်တီနန်ပေါင်ဆူဒီရတ်[/caption]

ဦးဆောင် ထိုင်းနိုင်ငံရေးသိပ္ပံပညာရှင် သစ်တီနန်ပေါင်ဆူဒီရတ်ကတော့ ခု ဆန္ဒပြပွဲ တွေဟာ လွန်ခဲ့တဲ့ ၅ နှစ်က အဓိက အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြပွဲတွေရဲ့ ပဲ့တင်ရိုက်ခတ်မှု ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းဆန္ဒပြပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ရေဒီယို ဩစတြေးလျသတင်းထောက် ဆင်လမ်က သစ်တီနန်ပေါင်ဆူဒီရတ်ကို မေးမြန်းထားပါတယ်။

“တင်းမာမှုတွေက ထင်ထင်ရှားရှားပဲ စိုးရိမ်စရာ သတိပြုစရာ ကောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ နေရာတိုင်းက သတင်းတွေမှာ ပါနေပြီး လူတိုင်း အဲဒီအကြောင်း နဲ့ ပတ်သက်ပြီး ပြောနေကြတာပဲလေ။ အတော် ဆိုးပါတယ်။ ကျနော်တို့က အဲဒါကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက မြင်ခဲ့ပြီးပါပြီ။ ခင်ဗျားတို့ ပြန်အမှတ်ရရင် လေဆိပ်တခုကို သိမ်းပိုက် ပိတ်ထားလိုက်ပြီး ဆန္ဒပြသူတွေက အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်လေ။ အဲဒါဟာ ကျနော်တို့အတွက် နည်းနည်း ကြုံဖူးနေတဲ့ဟာပါပဲဗျာ။

“ဒီတခါတော့ ဘယ်သူကမှ လေဆိပ်ကို မပိတ်ကြတော့ပါဘူး။ ဒါပေမယ့် ကန့်ကွက် ဆန္ဒပြသူတွေက နိုင်ငံကို အုပ်ချုပ်လို့ မရအောင်လုပ်၊ ၀န်ကြီးဌာနတွေနဲ့ လူထုအေဂျင်စီတွေကို သိမ်းပိုက်ပြီး အင်အားသုံး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေကြပါတယ်။ အစိုးရက တုံ့ပြန်ရပါလိမ့်မယ်။

“သူတို့က ဘန်ကောက်မြို့တော်နေရာအများစုမှာ ပြည်တွင်းလုံခြုံရေး အက်ဥပဒေကို တိုးချဲ့ပြီး တုံ့ပြန်ခဲ့ပါတယ်။ အခုတော့ ချောက်ကမ်းပါးစွန်းကို ရောက်နေတဲ့ အခြေအနေကို ပိုပြီးတွေ့နေရပါပြီ။ ဆန္ဒပြသူတွေက အဆုံးသတ်ပစ်ဖို့ ကြိုးစားပါလိမ့်မယ်။ အစိုးရက တုံ့ပြန်ရမှာပါ။ ဒါပေမယ့် အခု အောင်အောင်မြင်မြင် ခုခံလို့ မရနိုင်ဘူးလို့ ကျနော် ထင်တယ်လေ။ နောက် ရက်ပိုင်းမှာတော့ တခုခု ပေးရလိမ့်မယ် ထင်တာပဲ။”

အခု ချောက်ထဲကျလုလု ဖြစ်နေပြီး ၀န်ကြီးချုပ် ယင်းလတ်ကတော့ ခုထိ အခိုင်အမာ ရပ်တည်ထားပြီး သူ နုတ်ထွက်လိမ့်မယ် မဟုတ်ဘူးလို့ ပြောနေတယ်နော်။ အခြေအနေကို ပိုပြီး ပြင်းထန်လာမှု မရှိဘဲ သူရဲ့အစိုးရက လုပ်ဆောင်ဖို့ ရွေးချယ်စရာ ဘာတွေရှိမလဲဗျ။

“အစိုးရရဲ့ ရွေးချယ်စရာတွေက မျှော်လင့်စရာ သိပ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေက ထွက်ပေါက် သိပ် များများစားစား ပေးမထားဘူးဗျ။ နုတ်ထွက်တာနဲ့ မလုံလောက်၊ လွှတ်တော်ကို ဖျက်သိမ်းရုံနဲ့လည်း မလုံလောက်ဘူး ဖြစ်နေတယ်။

“ဒီတော့ အစိုးရက သူတို့တွေ ပိုပြီး အားနည်းတဲ့ အခြေအနေ ဖြစ်ကျန်ခဲ့နိုင်တဲ့ နုတ်ထွက်ပေးလို့ အလကားပဲ။ နောက် အတိုက်အခံက ၂၀၀၆ ခုနှစ်က သူတို့လုပ်ခဲ့သလို ရွေးကောက်ပွဲကို သပိတ်မှောက် နိုင်တဲ့အတွက် ရွေးကောက်ပွဲသစ်အတွက် လွှတ်တော်ကို ဖျက်သိမ်းပေးတာလည်း အလကားပဲလို့ တွက်နေတယ်လို့ ကျနော်ထင်ပါတယ်။

“ဒါကြောင့်မို့ အစိုးရက အခိုင်အမာ ရပ်တည်ပြီး တင်းကျပ်တဲ့ တုံ့ပြန်မှု လုပ်လိုက်တာပါ။ သူတို့က လုံခြုံရေးဥပဒေတွေကို ပြဋ္ဌာန်း လိုက်နာအောင် လုပ်ပါလိမ့်မယ်။ ဒီတော့ ထိပ်တိုက် ရင် ဆိုင်မှုတွေကို ကျနော်တို့ ပိုပြီး တွေ့လာရပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်က ကျနော်တို့ တွေ့ခဲ့တဲ့ အရာပါပဲ။ နောက်ဆုံးမှာ အစိုးရ ရှုံးသွားတာပါပဲ။ နောက် ကျနော်တို့ လွန်ခဲ့
တဲ့ ၅ နှစ်က လုပ်ခဲ့တာတွေကို ကျနော်တို့ မြင်လာရလိမ့်မယ်လို့ ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့ဆိုတော့ ဆန္ဒပြသူတွေက သူတို့ဘက်မှာ အင်အားတည်ဆောက်မှုတွေ ရှိနေတော့ အစိုးရက ရေရှည်ခံဖို့ နောက်တပတ်အထိ ပြင်းပြင်းထန်ထန် ဖိနှိပ်ပါလိမ့်ဦးမယ်။”

ခင်ဗျားက အင်အား တည်ဆောက်မှုအကြောင်း ပြောတော့ အဲဒီထဲမှာ စစ်တပ်ရော ပါသလားဗျ။

“စစ်တပ်၊ အကြီးတန်း ဗျူရိုကရေစီ၊ နန်းတော်၊ မှူးမတ်မျိုးနွယ်တွေ၊ ဘန်ကောက်က အထက်တန်းလွှာတွေ အဲဒီလူတွေအားလုံးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့သူတွေပါ။ ဒါပေမယ့် သူတို့က အသံကျယ်တယ်ဗျ။ သူတို့က လူနည်းစုပါ၊ ဒါပေမယ့် အင်အားကောင်းတဲ့ လူနည်းစုပေါ့ဗျာ။ လျစ်လျူရှုခံထားရပြီး သက်ဆင်ရဲ့ အရှိန်ဩဇာ နဲ့ မတော်မတရား အလုပ်ခံခဲ့ရတဲ့သူတွေလေ။

“ဒီတော့ သက်ဆင်လက်ထက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ၀ရုန်းသုန်းကားဖြစ်မှုတွေလို စက်ဝိုင်းထဲမှာ ကျနော်တို့ ရှိနေကြတာပါပဲဗျာ။

“အဲဒါဟာ ထိုင်းနိုင်ငံ တိုးတက်ဖွံ့ဖြိုးမယ့်လမ်းလို့တော့ ကျနော်မထင်ပါဘူး။ ဆန္ဒပြသူတွေက အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်တဲ့ဟာ တချို့ကို မျှော်လင့်နေကြတယ်ဗျ။ အစိုးရ ပြုတ်ကျအောင် လွှတ်တော်က ၀င်ရောက်နှောင့်ယှက်မှုတွေကို မျှော်လင့်နေကြတယ်လေ။ တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင် တခြားတဘက်က အစိုးရထောက်ခံသူတွေရဲ့ ၂၀၀၉-၂၀၁၀ မှာ ကျနော်တို့ တွေ့ခဲ့တဲ့ ရှပ်နီတွေရဲ့ ကန့်ကွက်ဆန့်ကျင်တာတွေကိုလည်း ကျနော်တို့ တွေ့လာရပါလိမ့်မယ်။”

ဆန္ဒပြသူတွေက ၀န်ကြီးချုပ် ယင်းလတ်အစိုးရကို သက်ဆင်ရဲ့အစိုးရလို့ပဲ ရည်ညွှန်း ပြောဆိုနေကြတယ်လေ။ အဲဒါဟာ နိုင်ငံရပ်ခြားမှာ ကိုယ့်သဘောနဲ့ ကိုယ်ထွက်ပြီး နေထိုင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ရည်ညွှန်းတယ်ဆိုတာ ရှင်းနေပါတယ်။ သူရဲ့ အရိပ်က သူညီမရဲ့ အစိုးရကို ဘယ်လောက် ကြီးကြီးမားမား ထိုးနေတယ်လို့ ခင်ဗျားထင် ပါသလဲ။
 
“ဟုတ်ပါတယ်။ သူက အလွန်ရှည်တဲ့ အရိပ်ထိုးထားပါတယ်။ သက်ဆင်က သူညီမဖြစ်တဲ့ ၀န်ကြီးချုပ်ကနေတဆင့် အုပ်ချုပ်နေတဲ့ အဝေးရောက် ၀န်ကြီးချုပ်ပါပဲ။ ဒါကြောင့် သူတို့၂ ယောက်လုံးဟာ ထိုင်းနိုင်ငံကို အုပ်ချုပ်နေတဲ့ ဒင်္ဂါးအပြားရဲ့ခေါင်းနဲ့ ပန်းပါပဲဗျာ။ ယင်းလတ်က ဘက်တဘက် သက်ဆင်ကတော့ နိုင်ငံခြားဘက်ပေါ့ဗျာ။ ဒါပေမယ့်  ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက  သက်ဆင်ကို လွန်မြောက် ထွက်ပေါ်လာနိုင်ပါတယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါကို ကျနော်တို့ ဖြစ်စေခဲ့ အဲဒီလမ်းကို ကျနော်တို့ တွေ့မြင်ချင်ရင်ပေါ့ဗျာ။

“ဒီမှာ ရှိနေတဲ့ လူအတော်များများက သက်ဆင် ကို ထောက်ခံနေကြတုန်းပဲလို့ ကျနော် ထင်တယ်လေ။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံက ပြောင်းလဲသွားပြီး လူအတော်များများကတော့ အဲဒီ ပြောင်းလဲမှုတွေကို မျှော်လင့်လို့ မရကြသေးပါဘူး။ ကျနော်တို့က ဧကရာဇ် အုပ်စိုးမှုရဲ့ နိဂုံး ဒါမှမဟုတ် ဘုရင်ကြီးရဲ့ အုပ်စိုးမှု ဆည်းဆာချိန် ၂၁ ရာစုကနေ အရင်တုန်းက ပုံစံအဟောင်းကို စိတ်ဝင်စားနေကြတုန်း ဖြစ်နေလို့ပါပဲ။

“ဒါကြောင့် အဲဒီ ပုံစံဟာ အကဲစမ်း ခံခဲ့ရပြီး အရောအနှောထဲ အပစ်ခံ လိုက်ရတာပါ။ သက်ဆင်က အဲဒါကို လုပ်ခဲ့ပါတယ်။ ဒီတော့ လူတွေက အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှုတွေ နဲ့ အာဏာ အလွဲသုံးစားလုပ်မှုတွေကြောင့် သူကို သိပ်စိတ်ဆိုးခဲ့ကြတယ်လေ။ ဒါပေမယ့် အားလုံးလောက်နီးပါးပါပဲ၊ ဘာလို့ဆိုတော့ သူက ထိုင်းနိုင်ငံ အရင်က ရှိခဲ့တဲ့လမ်းကြောင်းကို ပြောင်းလဲပစ်ခဲ့တယ်လေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013