DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁ သောင်းကျော်ဖြင့် စံချိန်တင်
DVB
·
July 20, 2021
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁ သောင်းကျော်ဖြင့် စံချိန်တင်
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် ၁၁,၃၀၅ ယောက်ထိ ရှိခဲ့ပြီး စံချိန်တင်ကူးစက်မှုဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကူးစက်မှုအသစ်တွေထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ၅၉၅ ယောက်ပါဝင်နေတယ်လို့ ဆိုပါတယ်။

တရက်အတွင်း သေဆုံးသူကတော့ အယောက် ၈၀ ရှိနေပြီး ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၆,၅၅၇ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတည်းက စတင်ကာ ကိုဗစ်-၁၉ တ တိယလှိုင်းကူးစက်မှုတွေ မြင့်တက်နေခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ရောဂါကူး စက်ခံရသူပေါင်း ၄၂၆,၄၇၅ ယောက်နဲ့ သေဆုံးသူပေါင်း ၃,၅၀၂ ယောက်ထိ ရှိနေခဲ့တာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံးသူ ပေါင်း ,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ဒေသတွင်း ကူးစက်မှု အမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကို ဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၂ သိန်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၁ ဒသမ ၇ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၄ ဒသမ ၅ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013